Taeyeon ဒီနေ့ ပန်းချီပြပွဲတခုကနေ ပြန်လာပြီး အိမ်မှာနားနေတယ်
တဖြည်းဖြည်းနဲ့ လူတွေက သူက K မှန်းသိလာကြတော့ အားလုံးက ဓာတ်ပုံတွေရိုက် sign တွေထိုးခိုင်းနဲ့ အိမ်ရောက်မှပဲ သူစိတ်အေးလက်အေးနားနိုင်တော့တယ်
ရေချိုးပြီး သီချင်းဖွင့်ပြီး အပန်းဖြေနေတုန်း
လူခေါ် bell သံကြားတာနဲ့ sofa ပေါ်ကနေ ထသွားလိုက်တယ်
ဘယ်သူလဲဆိုပြီး ကြည့်ကြည့်တော့ Tiffany...Tae-"huh? သူ လာပြန်ပြီလား...အာ တကယ် ဘယ်လိုလုပ်ရမလဲ?"
Taeyeon ဖွင့်ပေးရင်ကောင်းမလား လူမရှိသလိုပဲ ဟန်ဆောင်နေရမလားတွေးနေတယ်...
နောက်တော့ Fany ကို တွေ့လည်း သူဘာပြောရမှန်းမသိတာနဲ့ မရှိသလိုနေဖို့ပဲဆုံးဖြတ်လိုက်တယ်ခဏကြာတဲ့အထိ Tiffany bell ကို ဆက်တီးနေတုန်းပါပဲ
အခန်းကအရမ်းလုံတော့ သီချင်းသံ Fany မကြားတာ တော်ပါသေးတယ်
Taeyeon လည်း သီချင်းကို မြန်မြန်ပိတ်လိုက်ပြီး
Fany ပြန်မယ့်အချိန်ကို စောင့်နေတယ်Tae-"ဘယ်ချိန်မှပြန်မှာလဲ? တကယ် ဘယ်လိုမိန်းကလေးလည်း မသိဘူး"
နောက်ဆုံးတော့ Fany လက်လျှော့ပြီး ပြန်သွားတဲ့ပုံပါပဲ bell ဆက်တီးသံမကြားတော့ဘူး
Monitor ကနေသွားကြည့်ကြည့်တော့လည်း ဘယ်သူမှမတွေ့တော့ဘူးလေTae-"huuu...ပြန်သွားလို့တော်သေးတယ်"
Taeyeon သီချင်းပြန်ဖွင့်ပြီးစာအုပ်ဖတ်နေလိုက်တယ်
နာရီဝက်လောက်ကြာတော့ bell သံကြားရပြန်ရော...
'Parcel ထုပ်လာပို့တာပါ' ဆိုပြီးလည်း အပြင်က ကောင်လေးတယောက်ရဲ့ အော်ပြောသံလည်းကြားရတယ်Tae-"Ehhh..ငါ ဘာမှမမှာမိသလိုပါပဲ..
ဘယ်သူကပို့လိုက်ပါလိမ့်?"တံခါးဖွင့်ကြည့်လိုက်တော့ ဘယ်သူမှမတွေ့...
Tae-"ဘာလဲဟ..ငါ သေချာကြားလိုက်တာပါ..
အခန်းမှားတာလား..အခန်းမှားရအောင် ငါတယောက်တည်းလေ ဒီအထပ်က...
အာ....ဘယ်သူကလာနောက်သွားပြန်ပြီလဲ?"Taeyeon တံခါးပိတ်မယ်လုပ်တော့ လက်တစုံက တံခါးကို လှမ်းဆွဲလိုက်တယ်
Tae-"Ohohohoh...omma....."
"Hi Taeyeon-ssi"
ဆိုတဲ့ အသံနဲ့အတူ ကောင်မလေးတယောက်ရဲ့ မျက်နှာပေါ်လာတယ်
BẠN ĐANG ĐỌC
What is Love
Lãng mạnKim Taeyeon Hwang Miyoung (Tiffany) Jung Sooyeon (Jessica) သူတို့ (၃) ယောက်ကြား ချစ်ခြင်း နဲ့ မုန်းခြင်း လွန်ဆွဲတဲ့အခါ ဘယ်အရာက အနိုင်ရသွားမလဲ? သူတို့အတွက် အချစ်ဆိုတဲ့အရာကရော? သူတို့ ဘယ်လို ခံယူထားသလဲ? ၁၅၀၀ နဲ့ ၅၂၈ မေတ္တာ? ဘယ်ဘယ်ကို သူတို့ ရွေးချယ်ကြ...