Chapter-5

997 102 6
                                    

ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ မိဘမဲ့ဂေဟာဆီ သူသွားရမယ်
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အဲ့မိဘမဲ့ဂေဟာလေးဆီသွားပြီး ဂေဟာမှာရှိတဲ့ကလေးအတွက် သူအမြဲ လိုအပ်တာ ဖြည့်ဆည်းပေးတယ်
သူ ကျောင်းပြီးလို့ ပန်းချီဆွဲတာ အောင်မြင်တဲ့နောက်ပိုင်းမှသာ ဒီမိဘမဲ့ဂေဟာလေးကို သူထောက်ပံ့နိုင်တာ
ဒါတွေ အားလုံး Yoona ကျေးဇူးကြောင့်ပေါ့
ဘဝမှာ မျှော်လင့်ချက်မဲ့ စွန့်ပစ်ခံခဲ့ရတဲ့အချိန်
အနားမှာ အမြဲဖေးမပြီး သူ့ကို ကူညီလမ်းပြပေးခဲ့တဲ့သူတယောက် မဟုတ်လား?
အမြဲတမ်း ကျေးဇူးတင်ရပြီး ချစ်စရာကောင်းတဲ့
Yoona နဲ့ တွေ့ဆုံခဲ့ရတဲ့အတွက်လည်း
ကံကြမ္မာကို ကျေးဇူးတင်မိတယ်
ဒါပေမယ့် Yoona နဲ့မတွေ့ခင်က သူ့ကံတရားကိုတော့ သူ မုန်းမိတယ်
သူ့ကို ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးတော့မလိုနဲ့
လှည့်စားပြီး သူ့ကို ရက်စက်ခဲ့တယ်
အဲ့ဒါကြောင့် သူ အရမ်းမုန်းတယ်
သူ့ကို ရက်စက်ခဲ့တဲ့ ကံကြမ္မာနဲ့ လူတွေကို...
ဒီလူတွေနဲ့ စတွေ့ခဲ့တာလည်း
ဒီ 'အလင်းရောင်' ဆိုတဲ့ မိဘမဲ့ဂေဟာလေးမှာပဲမလား?
ဒီဂေဟာလေးဟာ သူ့အတွက်အမှတ်တရတွေ နာကျင်စရာ အတိတ်တွေအများကြီးရှိခဲ့တဲ့ နေရာလေးတခု...

Taeyeon ရဲ့အတွေးတွေက ဟိုး..သူ ငယ်စဉ်က အချိန်တွေဆီ ပြန်ရောက်သွားတယ်.....
























Seoul မြို့နဲ့ မနီးမဝေးနေရာလောက်မှာ တည်ရှိတဲ့
'အလင်းရောင်' ဆိုတဲ့ မိဘမဲ့ဂေဟာလေး...
ဒီဂေဟာလေးက အစက လူမသိသူမသိဂေဟာလေးတခုပေါ့..
Taeyeon ရဲ့ မွေးရပ်မြေဆိုလည်း မမှားဘူးပေါ့
အဖေမသိ၊အမေမသိ...ဘယ်နေရာမှန်းမသိတဲ့နေရာတခုမှာ
ဘယ်သူတွေမှန်းမသိတဲ့ ဂေဟာက ဆရာမတွေလက်ထဲမှာ သူကြီးပြင်းခဲ့ရတယ်
ဒီလိုနဲ့ အဲ့ဂေဟာလေးမှာ ကြီးပြင်းလာရင်း
သူ သိတတ်နားလည်တဲ့အရွယ်ရောက်တော့
သူတို့ ဂေဟာဆီလာတတ်ကြတဲ့ မိသားစုတွေ တွေ့ရင် သူအားကျလာတယ်၊အားငယ် သိမ်ငယ်တတ်လာတယ်
အစကတော့ ဒီဂေဟာလေးမှာ သူ့ကို မိဘလို စောင့်ရှောက်ပေးတဲ့ ဆရာမတွေနဲ့၊သူနဲ့ သက်တူရွယ်တူ ကလေးတွေ၊တခြားကလေးကြီးတွေနဲ့ ဆော့ကစားရင်း သူ့ကလေးဘဝကို ဖြတ်သန်းကြီးပြင်းလာခဲ့တယ်
နောက် အရွယ်ရောက်တော့ မိသားစုတွေကို တွေ့ရင်
သူ ဝမ်းနည်းတတ်လာတယ်
တခါတလေတော့လည်း သူ စဉ်းစားမိတာပေါ့
သူ့မိဘတွေက ဘယ်သူတွေများလဲ?
ဘာလို့ သူ့ကို လူ့လောကထဲခေါ်လာပြီး စွန့်ပစ်သွားရတာလဲ?
အခုထိ တနေရာရာမှာများ အသက်ရှင်နေဦးမလား?
အကယ်၍ တနေ့နေ့ပေါ့
သူ့မိဘတွေ သူ့ကို လာခေါ်ပြီး သူ အားကျမိတဲ့ ပျော်ရွှင်စရာ မိသားစုလေးကို သူပိုင်ဆိုင်ခွင့်များ ရလေမလား?
အသက် ၁၃ နှစ်ရောက်လာတဲ့အခါမှာ
ဒီလိုမျိုး အတွေးလေးတွေ သူ့ဆီဝင်ရောက်လာတယ်

What is LoveDonde viven las historias. Descúbrelo ahora