"Taengoo...Taeyeonnie...Taeyeon-ah!
Saranghae...အချိန်အကြာကြီး ငါနဲ့အတူ နေရမယ်နော်...
ငါလည်း နင့်ဘေးနား တသက်လုံး နေသွားမှာ...
ကတိနော်...
နင် ကတိအရင်ဖျက်ရဲဖျက်ကြည့်..
ငါနဲ့တွေ့မယ်!"သူ့ကို လက်သီးနဲ့ရွယ်ပြီး နှုတ်ခမ်းလေးစူပြီး ပြောနေတဲ့သူမကို သူ သတိရမိတယ်
သူ့ပုံရိပ်တွေ၊သူ့အသံတွေ..
အရာအားလုံး တခုမကျန် သူ မှတ်မိနေတယ်
ဒီ အမှတ်တရတွေကြောင့် သူ ပျော်ရွှင်ကြည်နူးခဲ့ရပေမယ့် တချိန်မှာ နာကျင်စေတဲ့ အတိတ်ဟောင်းဆိုတာသာ သိခဲ့ရင်
သူ အဲ့တုန်းက လွတ်လပ်ပေါ့ပါးစွာ၊ပျော်ရွှင်စွာ
မရယ်ခဲ့ပါဘူးလေ
အဲ့ဒီ အမှတ်တရတွေကို ဖြစ်မလာအောင်
သူ ကြိုးးစားပြီးနေခဲ့ရမှာပါလေ
အခုတော့...
နာကျင်ရတဲ့ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရTaeyeon သူ့ diary စာအုပ်လေးကို ဖွင့်လိုက်တယ်
ဒီ diary စာအုပ်လေးက သူ့ဘဝပဲ
သူ့ဘဝတလျှောက်လုံး အကြောင်းအရာတွေကို သူ နေ့စဉ် မပြတ်ရေးသားခဲ့တယ်
ပျော်ရတာတွေရော၊ ငိုခဲ့ရတာတွေရော
ဘယ်သူမှ မသိတဲ့ သူ့အကြောင်းတွေ
သူ့ခံစားချက်တွေ သူ အကုန်ရေးထားတယ်
ပြီးတော့ သူချစ်ခဲ့ရတဲ့ သူတယောက်အကြောင်းလည်း သူရေးထားတယ်
Diary စာအုပ်ကို ပြန်ပိတ်လိုက်ပြီး
သူ့ ပန်းချီခန်းလေးထဲဝင်သွားလိုက်တယ်
ပန်းချီကားတချပ်ကို အုပ်ထားတဲ့ ပိတ်စအဖြူကို သူ ဆွဲယူလိုက်တယ်ပန်းချီကားချပ်ဆီက ကောင်မလေးတယောက်ရဲ့အပြုံး၊မျက်ဝန်းတွေက
အရမ်း အသက်ပါတယ်၊လှပလွန်းတယ်
သူ ဒီပုံလေးကိုဆွဲတုန်းက
ကမ္ဘာပေါ်မှာ သူ့လောက်ပျော်မယ့်သူ မရှိဘူးလို့ကို
ထင်ရတဲ့အထိ သူ ပျော်နေခဲ့တယ်
ဒီပုံလေးဟာ သူ ဆွဲခဲ့သမျှထဲမှာ အလှပဆုံး၊ သဘောအကျဆုံးပုံလေး
ဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးအရှိဆုံးပုံလေး
ပုံထဲက မိန်းကလေးက သူ့အတွက် အရမ်းတန်ဖိုးရှိတဲ့ သူတယောက်ပါ
ဘာလို့လဲဆိုတော့ သူချစ်ခဲ့ရတဲ့ ပထမဆုံးသောသူမို့လို့...Taeyeon ပန်းချီကားဆီက ကောင်မလေးရဲ့
မျက်နှာနားကို ထိလိုက်ရင်း အဲ့ကောင်မလေးရဲ့နာမည်ကို ရေရွတ်မိတယ်Tae-"Sooyeon-ah~~"
နှလုံးသားက နာကျင်မှုနဲ့အတူ မျက်ရည်တို့က ဝဲတတ်လာသည်
YOU ARE READING
What is Love
RomanceKim Taeyeon Hwang Miyoung (Tiffany) Jung Sooyeon (Jessica) သူတို့ (၃) ယောက်ကြား ချစ်ခြင်း နဲ့ မုန်းခြင်း လွန်ဆွဲတဲ့အခါ ဘယ်အရာက အနိုင်ရသွားမလဲ? သူတို့အတွက် အချစ်ဆိုတဲ့အရာကရော? သူတို့ ဘယ်လို ခံယူထားသလဲ? ၁၅၀၀ နဲ့ ၅၂၈ မေတ္တာ? ဘယ်ဘယ်ကို သူတို့ ရွေးချယ်ကြ...