Ep~11

2.1K 125 3
                                    

Love is.... (Chanbaek,Dika,Chansoo,Kaibaek)

💘💘💘

အိမ်မှုကိစ္စအဝဝပီးသွားပီဖြစ်တာကြောင့် ခြံထဲကခုံပုလေးပေါ်တွင်ထိုင်ကာ ခြံတံခါးအားငေးကြည့်နေမိသည်။ jongပြန်လာမှာကိုမျှော်နေတာပါ မင်္ဂလာဦးညထဲကဒီနေ့နေ့လည်ရောက်သည့်တိုင်အောင် jongပြန်မလာသေးတဲ့အတွက် sooရောjongရဲ့အမေပါ စိတ်ပူနေရပြီလေ။ ဖုန်းဆက်တော့လဲစက်ပိတ်ထားတယ်နဲ့ပဲတိုးနေတာ

"သားဒီနေ့...ပြန်လာမယ်ဆိုတာ...အမေယုံတယ်...."

sooရဲ့ဘေးတွင်ဝင်ထိုင်ကာ ပြောလာတဲ့အမေ့စကားကြောင့် ပြုံးပြကာ

"sooကိုမမုန်းဘူးလားဟင်....ညီအစ်မအရင်းလိုချစ်ခင်ရတဲ့သူရဲ့ချစ်သူကို....အတင်းအကြပ်အရယူထားတဲ့sooကိုမမုန်းဘူးလားဟင်😢.....
အမေ့သမီးပမာချစ်ခင်ရတဲ့baekဆီက...jongကိုအခုလိုလုယူခဲ့လို့အမေမုန်းဘူးလားဟင်....sooကြောင့်အားလုံးစိတ်ဆင်းရဲနေရတာမြင်ရတော့....
sooနောင်တရလာပီ😭...."

ငိုရင်းပြောနေတဲ့sooရဲ့လက်ကလေးအားဆုပ်ကိုင်ကာ

"မမုန်းပါဘူးကွယ်....တကယ်မမုန်းဘူး....baekလေးကိုသမီးအရင်းလိုချစ်ပေမဲ့....အမှန်တိုင်းပြောရရင်လဲချွေးမတောင်တော်ချင်ခဲ့တာ...baekလေးကအရမ်းလိမ္မာရေးခြားရှိတဲ့ကလေးလေ.....သားနဲ့လဲချစ်သူတွေဖြစ်ခဲ့တယ်ပေါ့....ဒါပေမဲ့သူတို့နှစ်ယောက်စလုံးသတိမထားမိတဲ့အချက်တစ်ခုရှိနေခဲ့တယ်......"

သိချင်စိတ်ကြောင့် မျက်ရည်များကြားsooခေါင်းလေးမော့ကာ ကြည့်လိုက်တော့ jongရဲ့အမေကပြုံးကာ

"သားနဲ့baekလေးတို့ရဲ့အချစ်က....၁၅၀၀အချစ်မဟုတ်ဘဲ၅၂၈ဖြစ်နေတာပဲ....အခုတော့သားရဲ့ဖူးစာဖက်ကသမီးလေ...အခုချိန်မှာသားကသမီးကိုအထင်လွဲပီးမုန်းနေသယောင်ဖြစ်နေပေမဲ့...တဖြည်းဖြည်းချစ်လာမယ်ဆိုတာအမေယုံတယ်....အဲ့ဒါကြောင့်မငိုနဲ့တော့နော်....ကဲ...ရယ်ပြပါဦး...."

နွေးထွေးစွာပြုံးရင်းsooပါးပြင်ထက်က
မျက်ရည်စီးကြောင်းအားသုတ်ပေးရင်း sooရဲ့ပါးနုနုလေးအားကိုင်ကာ ပြောလာသောကြောင့်sooနှစ်နှစ်ကာကာရယ်ပြလိုက်တယ် နာကျင်မှုတွေလဲတဝက်လောက် လျော့ကျသွားသလိုပင်
ထိုအချိန်မှာပဲအင်္ကျီဖရိုဖရဲနှင့်
နှုတ်ခမ်းထောင့်လေးမှာသွေးစို့နေသောပုံစံဖြင့် ပြန်ရောက်သောjong လက်ထဲမှာလဲတခုခုကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားပုံရသည်။ ဘာမှန်းတော့မသိ

love is...Where stories live. Discover now