Ep~25(final)

4.8K 183 6
                                    

💘💘💘
ဆရာဝန်ကိုခွင့်တောင်း၍chanyeol baekကိုအပြင်ခေါ်ထုတ်ခဲ့သည်။

နာရီဝက်လောက်ကားမောင်းပြီးသည့်အချိန် baekကားအပြင်ဘက်ကိုကြည့်လိုက်တော့ သူတို့လင်မယားနေခဲ့သည့် အိမ်ငယ်လေး ဆေးရုံကနေ chanyeolဘာလို့ဒီကိုခေါ်လာသလဲဆိုတာ သိချင်ပေမဲ့ မမေးဖြစ်။ တစ်ခုခုဝင်ယူတာနေမယ်ဟု တွေးမိတာလဲပါသည်လေ။

ကားပေါ်ကဆင်းတာနဲ့ လက်ကမ်းပေးလာတဲ့chanyeolရဲ့ လက်ဖဝါးပြင်ပော်baekhyunလက်ကလေးထပ်လိုက်သည်။ ဆုပ်ကိုင်လိုက်တဲ့chanyeolရဲ့လက်ဝါးပြင်ကြီးထဲတွင် baekhyunလက်ကလေးသည် မြင်ကိုမမြင်ရတော့ နွေးထွေးမှုနှင့်အတူ ရင်ထဲသိမ့်ကနဲခံစားလိုက်ရတာကြောင့် ဒီလူသားဟာငါ့အပိုင်ပါလားဆိုတဲ့အသိလေးနဲ့တင် ရှေ့ဆက်ရမည့်ဘဝအတွက်baekhyunကြောက်ရွံ့ခြင်း စိုးစိမျှမရှိတော့ချေ။ အရင်ကအရာရာပူပန်တက်တဲ့baekhyunဟာ သူနဲ့တွေ့မှပြောင်းလဲကုန်ပါရောလား
အရမ်းချစ်တယ်chanyeol

chanyeolမျက်နှာကိုကြည့်ရင်းတွေးလာလိုက်တာ chanyeolတုံကနဲရပ်တန့်လိုက်တော့မှ အသိဝင်ကာ chanyeolကြည့်ရာသို့လှမ်းကြည့်မိသည်။

"ဒါ....ဒါတွေက....ဘယ်တုန်းက...."

"baekkieကလှတယ်ပြောဖူးလို့....ကိုယ်တစ်ခင်းလုံးဝယ်ပြီးအိမ်မှာရွှေ့စိုက်လိုက်တာ....မသေသွားအောင်တော်တော်တော့ပြုစုလိုက်ရတယ်..."

ရယ်ကျဲကျဲပြောနေတဲ့chanyeol
baekhyunရှေ့မှာမြင်နေရတာက အရင်တစ်ခေါက်စိုက်ပျိုးရေးခြံတစ်ခြံသို့ chanyeolလိုက်ပို့ခဲ့စဉ်က baekhyunကြိုက်တယ်လို့ပြောခဲ့မိသည့် အနီရောင်poppyပန်းလေးတွေ အဝိုင်းပုံစံစုစုလေးစိုက်ထားပြီး ပန်းများ၏အလည်မြတ်ခင်းပြင်ပေါ်တွင်  ချစ်ရာသစ်သားခုံတန်းရှည်လေးတစ်ခုကို ချထားသည်။ ကျောက်စရစ်ခဲသေးသေးလေးတွေခင်းထားသည့် လူသွားလမ်းလေးပေါ် ဖြေးညင်းစွာလျှောက်ရင်း ပန်းခင်းလေးထဲသို့ ဝင်ရောက်လိုက်သည်။ ကြိုက်နှစ်သက်ရသည့်ပန်းပေမို့
လက်ဖျားလေးနှင့်တို့ထိရင်း တခစ်ခစ်ရယ်နေမိသည်။ baekhyunဒီပန်းလေးကိုကြိုက်တယ်ပြောမိပေမဲ့ သူအမှတ်ရနေလိမ့်မယ်လို့လဲမထင်ခဲ့ သူဆေးရုံတက်နေရစဉ်ရက်အနည်းငယ်အတွင်းမှာ သည်လိုဖန်တီးပေးထားတယ်ဆိုတာ ပို၍မထင်ခဲ့ စိတ်ကူးလေးထဲမှာတောင်မတွေးခဲ့။ အခုတော့ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ်အနှစ်သက်ဆုံးပန်းကို ကိုယ်ချစ်ရတဲ့chanyeolကိုယ်တိုင်စိုက်ပျိုးပေးထားတာ ဒါဘယ်လောက်တောင်မှပျော်စရာကောင်းလိုက်သလဲ သူကိုယ့်ကိုတန်ဖိုးထားမှန်းသိသာထင်ရှားသည်လေ။

love is...Where stories live. Discover now