Love is.... (Chanbaek,Dika,Chansoo,kaibaek)
Ep~15💘💘💘
ရင်ခွင်ထဲတွင်ငိုနေသောsoo ရုတ်တရက်ကြီးပျော့ခွေကာမေ့လဲသွားတာမို့ chanyeolစိုးရိမ်ကာ sooရဲ့ကားနဲ့သာဆေးရုံသို့
အမြန်သွားရသည်။"ဖောင်လေးတချက်ဖြည့်ပေးပါနော်..."
လူနာနေရာမှာDo kyungsoo အုပ်ထိန်းသူနေရာမှာ
Park Chanyeolဟုသာဖြည့်ခဲ့သည်။ ကျန်တာဘာဆိုဘာမှဖြည့်မနေတော့ဆရာဝန်ကsooကိုစမ်းသပ်ပီးသည်နှင့် သူ့အားပြုံးပြကာ
"ဘာမှတော့မစိုးရိမ်ရပါဘူး....ကိုယ်ဝန်နုနေသေးတာရောအားနည်းနေတာလဲပါတော့...မူးလဲသွားတာပါ...ကျန်တာအကုန်အဆင်ပြေပါတယ်...အရင်ထက်ပိုပီးတော့ဂရုစိုက်ပေးစေချင်တယ်...အားဆေးပုံမှန်တိုက်ပေး....လူနာသတိရလာရင်ဆေးရုံကဆင်းလို့ရပါပီ...."
ကိုယ်ဝန်ရှိနေတာတောင် သူ့ကိုအသိမပေးပါလား ဘာတွေများကြုံခဲ့ရလို့မူးလဲတဲ့အထိ
ဖြစ်ရတာလဲsooရယ်
သူ့ရဲ့ကားကိုသွားယူပေးရန် ဆေးရုံကဖုန်းနှင့်အိမ်ကdriverကို လှမ်းအသိပေးရသည်။ ကားထဲတွင်ကျန်ခဲ့သော ဖုန်းကိုဆေးရုံသို့ဝင်ပေးရန်ပါ တခါထဲမှာကြားပီး sooရဲ့လက်ဖဝါးလေးအားဆုပ်ကိုင်ကာ sooသတိရလာမဲ့အချိန်ကို ထိုင်စောင့်နေလိုက်သည်။driverယူလာပေးသောသူ့ရဲ့ဖုန်းရသည်နှင့် baekကိုဖုန်းဆက်ရန် ဖုန်းဖွင့်လိုက်သည်နှင့် baekဆီမှmisscallsပေါင်းများစွာက
ဆီးကြိုနေသည်။"ဘာများဖြစ်လို့လဲမသိ..."
သူလဲအမြန်ပင်baekဆီကိုဖုန်းခေါ်လိုက်သည်။
"ဟလို..."
တဖက်မှထူးသံကယောက်ျားအသံ
"ဘယ်သူလဲ...ဘာလို့baekhyunဖုန်းကိုကိုင်တာလဲ...."
chanyeolစိတ်တိုသွားတာမို့ အသံကျယ်နေသည်။
"nae...ဒီဖုန်းပိုင်ရှင်နဲ့ဘာတော်လဲမသိဘူး..."
"အမျိုးသားပါ..."
"nae....စိတ်တော့မကောင်းပေမဲ့...အကို့ရဲ့အမျိုးသမီးကားမတော်တဆဖြစ်ထားပါတယ်..."
"ဘာ!!!...သူ...သူရော...ဘာဖြစ်သွားသေးလဲ....ဘယ်နားထိခိုက်သွားလဲ....အခု...အခုသူဘယ်မှာလဲ....ကျွန်တော်ဘယ်ကိုလာခဲ့ရမလဲ...မြန်မြန်ပြောပါ!!!...."
