Love is.... (Chanbaek,Dika,Chansoo,Kaibaek)
💘💘💘
sooနှင့်အတူလည်ရန်ထွက်လာသော်လဲ အရင်လိုမပျော်ဘဲ yeolစိတ်ထဲလေးလံနေသည်မှာ ဘာ့ကြောင့်လဲ
ယုန်နားရွက်ဘီးကုတ်လေးအား ပန်ကာမှန်ကြည့်နေသောsooအားလှမ်းကြည့်လိုက်သည်။ ပြုံးပျော်နေသောsooက သူ့ခေါင်းတွင်ယုန်ရုပ်ဘီးကုတ်တပ်ပေးလိုက်ကာ ဘီကုတ်နဲ့yeolပုံစံကိုကြည့်ပြီး ဖြူစင်စွာတခစ်ခစ်ရယ်နေလေသည်။
သူလဲရယ်လိုက်ပေမဲ့ ရင်ထဲဘာကိုစိတ်ပူလို့ပူမှန်းမသိ လေးလံနေတဲ့စိတ်က
အနည်းအကျဉ်းလေးတောင်ပျော်ကိမသွား"soo....."
"အင်း....ပြော..."
"ကိုယ်တို့ပြန်ရအောင်....နောက်တခေါက်မှတနေကုန်လည်ကြတာပေါ့....အဲ့အခါကြရင်jonginနဲ့baekကိုပါခေါ်ပြီးတော့လေ....လေးယောက်သားအတူလည်ကြတာပေါ့...."
chanyeolပြောသလို ဖြစ်လာနိုင်ပာ့မလားဆိုတာမသိပေမဲ့ sooလဲထိုကဲ့သို့မျှော်လင့်မိတာတော့အမှန်
sooကိုအိမ်အထိလိုက်ပို့ပေးပြီး နာရီကြည့်လိုက်တော့ 11နာရီတောင်ခွဲတော့မယ် baekတော့သူ့ကိုစောင့်နေတော့မှာပဲဟုတွေးလိုက်ပီး ဖုန်းဆက်မယ်လုပ်တော့ သတိရမိတာက
baekရဲ့ဖုန်းနံပါတ်မှသူမသိဘဲ ကားကိုအရှိန်အနည်းငယ်တင်ကားမောင်းနေရင်း မီးပွိုင့်မိတုန်းဘေးဘီတချက်ကြည့်လိုက်မိတော့ မိုတယ်တခုရှေ့တွင် အဝတ်ထုတ်လေးဆွဲကာ ဝင်မယ်လုပ်လိုက် မိုတယ်ထဲကအတွဲတတွဲထွက်လာတော့ အနောက်ပြန်ဆုတ်သွားလိုက်နဲ့ ဝင်ရနိုးနိုးဝေခွဲမရဖြစ်နေပုံရတဲ့ ကောင်မလေးတယောက် ကြည့်နေရင်းမှ ကောင်မလေးကမိုတယ်ရှေ့မှလှည့်ထွက်ကာ
သူရှိရာဘက်လှည့်လာတော့"baek....baekhyun....."
chanyeolအံသြသွားပြီးမှ ကားကိုဘေးထိုးရပ်ကာ baekစီပြေးသွားလိုက်သည်။
baekတယောက်တခါမှမမြင်ဘူးခဲ့သော ငွေပမာဏပေးကာ ခြမ်းခြောက်နှင်ချတာထက် လူစိတ်မရှိရက်စက်တက်သော yeolရဲ့အမေကို နာကြည်းကာသူပေးခဲ့သောပိုက်ဆံထုပ်ကို အခန်းထဲကစားပွဲပေါ်တွင်တင်ထားခဲ့ပြီး ဒီနေရာနဲ့အဝေးဆုံးကိုထွက်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ တကယ့်တကယ်ထွက်လာပြီးမှ သူ့လက်ထဲပါလာသည့်ပိုက်ဆံက
အနည်းငယ်သာရှိသည်။ ဘယ်ကိုသွားလို့သွားရမယ်မှန်းမသိ သူအရင်နေခဲ့တဲ့အခန်းကလဲ တခြားသူကိုငှါးထားပြီးဖြစ်နေတာကြောင့် ဈေးသက်သာသောမိုတယ်တခုတွင်
ခဏလောက်နေမည်ဟုစိတ်ကူးကာ ရောက်လာခဲ့ပေမဲ့ မြင်တွေ့နေရတာတွေကို baekတယောက်ကြောက်နေမိသည်။
