love is..... (Chanbaek,Dika,Chansoo,Kaibaek)
Ep~4
Candysmile
updateနောက်ကျမှုအတွက် အနူးအညွတ်တောင်းပန်ပါတယ်နော် ဒီရက်ပိုင်းလုံးဝမအားတာကြောင့်ပါ💘💘💘
yeolရင်အစုံနာကျင်နေသော်လဲ
ဟန်ဆောင်ဖုံးကွယ်ကာ အပြုံးများဖြင့်မပျက်မကွက်ပုံမှန်အတိုင်း
မနက်တိုင်းsooဆီသွားခဲ့သည်။
sooပျော်အောင်အမျိုးမျိုးကြိုးစားနေပေမဲ့ ထိုနေ့မှစလို့sooဟန်ဆောင်အပြုံးတွေပြုံးတက်လာသည်။ တခါတလေမှိုင်နေတက်သည်။ တခါတလေမျက်ရည်များကျနေတက်သည်။ သူဘယ်လိုကြိုးစားကြိုးစား အရာမထင်ခဲ့ချေ။ ကိုယ့်အသက်ထက်ပိုချစ်နေရသူက တခြားယောက်ျားလေးတယောက်ကြောင့် ဒီလိုတွေခံစားနာကျင်နေတာကို မြင်ရတာ yeolကိုပိုနာကျင်စေတာsooမသိဘူး။ sooနှလုံးသားထဲအထိမမျှော်လင့်ပေမဲ့ sooစိတ်ကူးလေးထဲမှာchanyeolဆိုတဲ့သူ့ကို အနည်းငယ်နေရာပေးရင်ကိုပဲ yeolကျေနပ်မှာပါ။"soo...."
"aww....ဘယ်အချိန်ထဲကရောက်နေတာလဲ....အခုတလောငါ့အရမ်းတွေးတောတက်နေတော့....နင်ရောက်နေတာမသိလိုက်ဘူး...."
ဟန်ဆောင်အပြုံးလေးနဲ့ပြောလာတဲ့soo
"soo....ဆိုင်မသွားတာ....တပတ်လောက်ရှိနေပြီဆို....ommaစိတ်ပူနေတယ်....တဦးတည်းသောသမီးလေးတခုခုဖြစ်နေသလားဆိုပြီးတော့လေ...."
"အင်း...ရင်ထဲနေလို့သိပ်မကောင်းလို့ပါ....ဒီနေ့တော့သွားရမှာပေါ့...."
sooနဲ့သူ့ကြားတိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။ အရင်လိုအချိန်မျိုးပြန်လိုချင်မိသည်။ sooကိုစိတ်မတိုတိုအောင်သူကအတင်းလိုက်နမ်းမည်။ sooကနှုတ်ခမ်းစူကာ သူ့အားလိုက်ရိုက်မည်။ jonginဆိုတဲ့ကောင်လေးနဲ့ မတွေ့ခင်ကအချိန်မျိုးသူပြန်ရချင်သည်။
💘💘💘
"ဟယ်....sooလေး....နေကောင်းသွားပြီလား....ဝန်ထမ်းတွေအားလုံးစိတ်ပူနေတာ...."
ဆိုင်ထဲဝင်လာသည်နှင့် sooတို့ဆိုင်လေးရဲ့အားထားရသူ sooအမလိုခင်ရသူtaeyeonမေးတော့ ပြုံးရုံသာပြုံးပြကာ မျက်လုံးကတော့chocoကိုသာလိုက်ရှာနေမိသည်။ သူ့ကိုစတွေ့တဲ့နေ့ကsooရင်ထဲမှ
ချစ်စနိုးခေါ်မိတဲ့နာမ်စားလေး ဆိုင်သူရှိမှန်းသိရက်နဲ့လုံးဝမမေ့နိုင်အောင် အရမ်းချစ်မိသွားတာ
sooရူးနေလို့များလား ရူးရင်တောင်သူနဲ့တွေ့မှရူးတက်လာတဲ့ အချစ်ရူးမလေးပါ။