(Zawgyi❣️)
ချစ်ခြင်းတွင်...~
ခပ်ဆွေ့ဆွေ့အတ္တချိုချိုတို့ပါဝင်လာသောအခါ~
ရှိရင်းစွဲ...ရူးသွပ်နှုန်းအား...
ဒီဂရီမြှင့်သည်...။
🌸🌸🌸Chittaphon's Point Of View:
" အချစ်...ဗိုက်ဆာပြီလား? "
အခန်းထောင့်စွန်းစွန်းတွင်...~
ဆွေးမြည့်မြည့်ထိုင်နေသော...
ကျွန်တော့်ချစ်ရသူရှိသည်...။သူ၏...အသက်မဲ့မဲ့မျက်ဝန်းတို့သည်...
ကျွန်တော့်အမေးအား...ကြားလျှင်
အစိမ်းရင့်ရောင်နံရံပြင်သို့အကြည့်လွှဲလိုက်
သည်~သူ...
ကျွန်တော့်ဆီရောက်လာတာ...~
နှစ်ရက်တင်းတင်းပြည့်လို့
သုံးရက်တိုင်...
ထမင်းမစားသေး...။ပထမရက်က...
သူပါ...လိုက်သေမယ်တကဲကဲလုပ်ကာ~
နည်းမျိုးစုံသုံး၍~
သေဆုံးဖို့ရာ...အားထုတ်သည်...။မောဟိုက်လုမတတ်ငိုကြွေးအော်ဟစ်ရင်း...
အသိစိတ်လွတ်မေ့မြောအောင်ထိ~
ရှိုက်ငိုသည်...။ဒုတိယရက်လည်း...~
ထိုနည်းတူ~အလဲလဲအကွဲကွဲ...သူ့ပုံစံကား...
ဒီနေ့တော့...~
ဆိတ်ဆိတ်လေးဆွေးနေပြန်သည်...။အတွေးစစအား...လက်စသတ်ရင်း~
သူထိုင်နေရာ...နံရံဘေးသို့~
လိုက်ပါ...ထိုင်မိသည်...။" ဒီနေ့တော့...မငိုပါလား "
ရုတ်ချည်းပြောင်းလဲသွာသော...~
သူ့အသွင်အား...
အံ့အာသင့်ဖွယ်မေးမိတော့...
ကြယ်မျက်ဝန်းလဲ့လဲ့တို့သည်...~
ကျွန်တော့်အား...
ခပ်စူးစူးကြည့်လာသည်...။" Chittaphon...ငါထွက်သွားမယ် "
တိုးလျလျထွက်လာသော...
သူ့စကားသည်...~
ကျွန်တော့်ဝိဥာဉ်အား...
အဆုံးစီရင်သည်...။ဖုံးဖိ၍မရအောင်...
တဆတ်ဆတ်တုန်ရီလာသော...
နှုတ်ခမ်းသားတို့အား.
အားနှင့်ဖိကိုက်ရင်း...
ခပ်မဲ့မဲ့ပြုံးလိုက်သည်...။Lee Taeyong...~
ကျွန်တော့်ရဲ့အဆုံးမဲ့တဲ့ခြောက်ခြားမှုတွေကို~
ခင်ဗျားမသိစေရဘူး...~ကျွန်တော့်ရဲ့...
ခပ်လွှလွှအကြောက်တရားကစ...
ခင်ဗျားမသိစေရဘူး။
YOU ARE READING
" အစမရှိသော "
Fanfictionသူနှင့်ကျွန်တော် စတင်ခဲ့ကြတယ် .. ကံမကောင်းစွာပါပဲ။ စတင်ခြင်းဟာ အထမမြောက်ခဲ့။ #TaeTen #Angst #Fiction Story Cover By -@AkariXing