Chapter-10

467 46 51
                                    

(Zawgyi❣️)

စိုးရွံ့မှုတွေကို...
အကြောက်တရားက လက်ဝါးကြီးအုပ်လို့ ~

နာကျင်မှုတွေကို...
ကံတရားက အမြတ်ထုတ်လို့ ~

အနာဂတ်မှာ...
ကျွန်တော် ဘယ်လိုထပ်ရှုံးရဦးမလဲ...?

~ ~ ~~ ~~ ~~ ~~ ~~ ~~ ~~
Chittaphon's Point of view :

" အဆင်ပြေရဲ့လား...? "

အဲ့ဒီလူရဲ့ မတန်မရာ လက်တစ်ဖက်ကို အားကိုးပြုပြီး မတ်တပ်ရပ်လာသော အချစ်ကိုမြင်မိသည်....။

ခြေလှမ်းတွေဟာ...
သည်နေရာအထိ ဘယ်လို ရွေ့လျားလာခဲ့သလဲ မသိပါ...။

" ရတယ် အစ်ကို ~ ကျွန်တော် သတိမထားမိလိုက်တာ...။
ကျွန်တော့်အမှားပါ... "

အံ့သြမှုဖြင့် မြင့်တက်လာသောမျက်ခုံးနှစ်ဖက်~

ခပ်ကျယ်ကျယ် ဟ နေသော နှုတ်ခမ်းလွှာတို့အား ကျွန်တော် ဖမ်းမိလိုက်သည်...။

မကြာမီတွင် လိမ္မာပါးနပ်သော အပြုံးဖြင့်
အံ့အားသင့်မှုတို့ကို ရုပ်သိမ်းကာ ~
သိမ်မွေ့စွာ ခပ်တိုးတိုးရယ်သည်...။

" ဟင်း...ဟင်း... ဟုတ်ပါပြီ ထားတော့ "

အချစ်၏ အသိဥာဏ်တွင် ထိုလူမရှိအောင်
ကျွန်တော် တရွတ်တိုက် ဆွဲထုတ်ခဲ့ပြီးဖြစ်သည်...။

ဒါပေမယ့်...
ဘာလို့များ...
ဆေးပညာရဲ့ အကူအညီနဲ့ နှလုံးသားမှာ
ထင်ကျန်နေတဲ့ လူတစ်ယောက်ကို
ဆွဲမထုတ်နိုင်ရတာလဲ...?

အဲ့ဒီ ပေကန်ကန်အကြည့်နှင့်တွဲကာ...
တစ်ပါတည်းတည်ငြိမ်သော အငွေ့အသက်တို့
ယှက်သန်းသော မျက်ဝန်းအစုံသည်
Xiao Wang ဟူသော လူ၏ နှလုံးအော့ဖွယ်အကြည့်များကို တိုက်ရိုက်ယူဆောင်ထားသော သက်သေတစ်ရပ်ပင်......။

ကျွန်တော့်လက်နဲ့ အဆုံးသတ်ခဲ့သော...
လူကိုတော့...ကျွန်တော်ကောင်းကောင်းမှတ်မိသည်...။

ကျွန်တော့်အချစ်ရှေ့တွင် ~
ကျွန်တော့် အချစ် ခေါင်းကိုဖွဖွလာပုတ်နေသော
လူသည်... Xiao Wang ဖြစ်နေခဲ့သည်...။

ဟင့်အင်း...
မထိလိုက်နဲ့......။

ကျွန်တော့်အချစ်ကို ပိုင်စိုးပိုင်နင်း မကိုင်တွယ်စမ်းပါနဲ့... !

" အစမရှိသော " Where stories live. Discover now