ကျွန်တော့်အမှန်တရားကို ကျွန်တော့်ဘာသာတည်ဆောက်ပြီး...
ကျွန်တော် တည်ဆောက်တဲ့ အမှန်တရားမှာ...
သူ ကောင်းကောင်း မွေ့လျော်စေ့ရမယ်...။ငြင်းဆန်ခွင့်မရှိ... ~
ပြီးတော့ ရုန်းကန်ခွင့်မရှိ...~
~ ~ ~ ~ ~ ~ ~ ~
Chittaphon's Point Of View;လွန်ခဲ့သော နှစ်အချို့သို့ ခြေဆန့်ခြင်း... ~
စိတ်လေလေနဲ့ ဂျစ်ဆတ်သောခြေလှမ်းများဖြင့် လမ်းလျှောက်တတ်သောအကျင့်ကို...
Ma က လူဆိုးလေးဟုထင်တော့မှာပဲဟု...
မကြာခဏငြီးတွားလေ့ရှိသည်...။အိမ်ပြန်ဖို့ရာ တက်ကြွခြင်း အလျဉ်းမရှိသော...
ကျွန်တော့်ခြေထောက်တွေကို အပြစ်မတင်သင့်~့နှလုံးအော့စွာ မြင်ရမည့်...
Pa နှင့် ငယ်ရွယ်သောမိန်းမပျို၏ နမ်းရှုံ့သာယာနေခြင်းအား...
အတိအကျ မြင်ရလိမ့်မည်...။ဖခင်ဟု သတ်မှတ်ဖို့ခဲယဉ်းအောင်...
ကျွန်တော့်ကို... အသိအမှတ်ပြုချိန်အား
တောင့်တဖို့ဝေးလွန်းသည်....။Pa ပြုံးလိုက်ရင်...
ကြင်နာသောယောက်ျားတစ်ယောက်ရဲ့ ခန့်ညားမှုကို...မြင်ရသည်...။ဒါပေမယ့်...
Pa ဟာ...ဘယ်သောအခါမှမပြုံးခဲ့...။ကျွန်တော် ဓာတ်တိုင်နောက်ကွယ်ကာ...
ဆွဲဆောင်မှုရှိသော... Pa ရဲ့ချောမွေ့မွေ့
မျက်နှာကို ငေးမိသည်...။ကျွန်တော် Pa ကို လေးစားသည်...။
တည်ငြိမ်ကာ အရှိန်အဝါရှိသော...
Pa ရဲ့ လေသံတင်း ဆူငေါက်မှုကိုချစ်သည်...။Pa စိတ်ကြည်နေလျှင်...
ကျွန်တော့်ကို ပေါင်ပေါ်တင်ကာ...
ခေါင်းကို ခပ်ဖွဖွလေးပွတ်ပေးတတ်သည်...။ကျွန်တော့် ခေါင်းကို Pa ရင်ခွင်ထဲဝှက်ကာ...
တမေ့တမော ခိုးကြည့်ဖူးတာကြောင့်သာ...
Pa ရဲ့ ချောမောနူးညံ့သော အပြုံးကို မြင်ခွင့်ရခဲ့ခြင်းဖြစ်သည် ~ကျွန်တော်...အိမ်ထဲမဝင်ချင်ပါ...။
မျက်ရည်ရွှဲလဲနှင့် Ma က ကျွန်တော့်ကိုဖက်ကာ
Pa ကို ဒေါသတကြီး ကြည့်နေလိမ့်မည်...။

YOU ARE READING
" အစမရှိသော "
Fanfictionသူနှင့်ကျွန်တော် စတင်ခဲ့ကြတယ် .. ကံမကောင်းစွာပါပဲ။ စတင်ခြင်းဟာ အထမမြောက်ခဲ့။ #TaeTen #Angst #Fiction Story Cover By -@AkariXing