[Zawgyi ]
အချစ်ကို ကျွန်တော် လိမ်ခဲ့မိတာ ဘယ်နှခါလဲ။
တစ်ခါ ၊ နှစ်ခါ ၊ သုံးခါ ၊ လေးခါ ..
အာ .. ရေတွက်ကြည့်လို့တောင်မရပါလား ။- - - - - -
Chittaphon's Point Of View ; ♡
လမ်းကို ဟိုဟိုဒီဒီ လျှောက်နေရင်း
ကိုယ်နဲ့မလိုက်ဖက်ဘဲဝတ်ထားမိတဲ့
ကျောင်းဝတ်စုံကိုကြည့်ရင်း ခြောက်ကပ်ကပ်
ရယ်မိသေးသည် .. ။ဒီကို ပြန်ရောက်လာကာစက
ကျွန်တော့်အသက် ၁၇ နှစ် ။မိခင်ဘာသာစကားပြီးရင် ဒုတိယမြောက်
တတ်ကျွမ်းတာက Hangul စကားမို့
ကိုရီးယားနိုင်ငံကိုအပြီးပြောင်းဖို့ကလွဲပြီး
စိတ်ထဲမှာပေါ်လာတာမရှိလို့ ကိုရီးယားကိုပဲ အပြီးအပိုင်ရောက်လာခဲ့သည်။ရောက်လာတကည်းက ဈေးအဆင်ပြေတဲ့
အိမ်တစ်လုံးငှားခဲ့ပြီး ဆက်ပြီးရပ်တည်ဖို့
အလုပ်လုပ်ရင်း ဒီလိုပဲဖြစ်သလိုနေခဲ့တာမို့
သာမန်လူတွေလိုမျိုး ပညာသင်ဖို့ ၊
ကျောင်းတက်ဖို့ဆိုတာမျိုးက ကျွန်တော့်လို
သောက်အဓိပ္ပာယ်မရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့
လူတစ်ယောက်အတွက်တော့ မသက်ဆိုင်တဲ့
အရာဖြစ်ခဲ့တာပေါ့ ။၁၇ နှစ်ကတည်းကမှီခိုရမယ့်လူဆိုတာမျိုးမရှိဘဲ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ထမ်းပိုးခဲ့တာမို့
ကျွန်တော်ပိုင်ဆိုင်တာက လွတ်လပ်တဲ့
ခြေလှမ်းတွေပဲရှိပါတယ် ။ကျောင်းသား ID Card အတု ၊
ကျောင်းစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ
အကုန်လုံးက Xiao Wang ကို လှည့်စားဖို့ ၊
ပြီးတော့ အချစ်ရှေ့မှာ သာမန်ဆန်ဖို့ ၊
Cover ယူထားတဲ့ အတုအယောင်တွေ
သက်သက်ပါပဲ ။ကျွန်တော့်ရဲ့ပုံစံအစစ်ကိုဖုံးကွယ်ထားဖို့
ဒါတွေက လုံလောက်တဲ့ လိုအပ်ချက်တွေမလား။အချစ်ကို မပြချင်ခဲ့တဲ့အခြမ်းတွေကို
ကျွန်တော်က လိမ်ညာမှုတွေနဲ့အစားထိုးခဲ့တယ်။ပြီးပြည့်စုံစွာ လိမ်ညာဖို့အတွက်လည်း
အခုလိုကြိုတင်ပြင်ဆင်မှုတွေများစွာကိုလည်း
စီစဉ်ထားခဲ့တယ် ။အချစ်ရေ ၊ ကြက်သီးထဖို့ကောင်းတဲ့
ကျွန်တော့်ရဲ့ပုံစံအမှန်ထက်စာရင်
ဒီအလိမ်အညာတွေကပိုသက်တောင့်သက်သာ
ဖြစ်ပါတယ် ။ အဲ့တာကြောင့် ဒီတိုင်းပဲ
ဆက်ပြီး သိထားပေးလို့ဖြစ်တယ်မလား .. ။

KAMU SEDANG MEMBACA
" အစမရှိသော "
Fiksi Penggemarသူနှင့်ကျွန်တော် စတင်ခဲ့ကြတယ် .. ကံမကောင်းစွာပါပဲ။ စတင်ခြင်းဟာ အထမမြောက်ခဲ့။ #TaeTen #Angst #Fiction Story Cover By -@AkariXing