(Zawgyi❣️)
ကျွန်တော်လုပ်သမျှအမှုကိစ္စတွေဟာ...
အချစ်ရဲ့ ကောင်းကျိုးကိုသာ...
ရှေးရှုပါတယ်...။အဲ့သည်လိုပဲ...
ကျွန်တော် ပြုသမျှတွေဟာ...
အချစ်ရဲ့အပြုံးပေါ်မှာ ကောင်းကောင်းကြီး
မူတည်နေပါတယ်....။~ × ~ × ~ × ~ ×
Chittaphon's Point of view ;" Chittaphon ~
ငါ အဆင်ပြေမှာပါနော်? "ကျွန်တော့်ပခုံးပေါ်ပြိုလဲကျလာသော...
အချစ်၏ ခေါင်းနှင့်အတူ...
ပျော့စင်းနေသော အစိမ်းရင့်ရင့် ဆံနွယ်အချို့။ခဏတာ အသိပျောက်နေစဉ်အတွင်း...
ကျွန်တော် တယုတယ လျှော်ပေးခဲ့သော...
ဆံသားထက်တွင် ထုံသင်းသင်းရနံ့ချိုချိုအချို့ကပ်စွဲနေသည်...။အချစ်ကလေ...
အလိုလိုမှ ပျော့ခွေချင်နေတဲ့ ဒူးတွေကို
တိုက်ရိုက်စနစ်နဲ့ အားအင်တွေလုယူလိုက်သလိုပဲ...။ရင်ခုန်သံတွေက ကိုယ်မပိုင်ဘူး...
အချစ်ရဲ့...။ခဏခဏ ရင်ခုန်အောင်လုပ်ရင်...
အသက်ရှူရတာဖောက်ပြန်လာတယ်...။တော်ကြာ အခန့်မသင့်လို့...
အသံတွေတုန် လက်တွေတုန်ဆို ဘယ်လိုလုပ်ပါ့ဗျာ...?အချစ် စိတ်ပျက်သွားမယ် မို့လား ?
ကျွန်တော်သိတယ်...။
အချစ်ရှေ့မှာ အပြီးပြည့်စုံဆုံး...
လူသားဖြစ်အောင်...ထုဆစ်ပေးပါ...
ဘုရားသခင် ...။" သွားကွာ...ကောင်ဆိုးလေး...
ငါ့ကို စကားပြန်မပြောနဲ့ "ကျွန်တော့် ပခုံးပေါ်မှ ဆတ်ကနဲ...
ထကာ ရှေ့က Tteokbokki ကိုငုံ့စားနေသော
အချစ်ကြောင့်...
ရင်ထဲတွင် နောင်တတနင့်တပိုးဖြင့်...
အမှောင်ကျနေတော့သည်...။အချစ်...
ကျွန်တော့်ကို စိတ်ဆိုးသွားပြီ...။စိတ်ဆိုးရာကနေ စိတ်ပျက်လာရင်.?
စိတ်ပျက်ရာကနေ မုန်းလာရင်...?
ဘုရားရေ...။
ကျွန်တော် ဘာလုပ်ရမလဲ...?
" တောင်းပန်ပါတယ်...
အချစ် ကျွန်တော့်ကိုမမုန်းပါနဲ့နော်?
ဟင့်အင်း...မုန်းလို့မဖြစ်ဘူး အချစ်ရဲ့ "

ESTÁS LEYENDO
" အစမရှိသော "
Fanficသူနှင့်ကျွန်တော် စတင်ခဲ့ကြတယ် .. ကံမကောင်းစွာပါပဲ။ စတင်ခြင်းဟာ အထမမြောက်ခဲ့။ #TaeTen #Angst #Fiction Story Cover By -@AkariXing