ကျွန်တော့်ဘဝကလှောင်အိမ်ထဲကငှက်တစ်ကောင်ကဲ့သို့ပင်။ သူထားရာနေသူစားဆိုစား... ဘယ်လိုမှလွတ်လမ်းမရှိတဲ့မကောင်းဆိုးဝါးရဲ့သားကောင်ပမာ။
အရာရာကိုသူကခြယ်လှယ်နိုင်တယ်ပြီးတော့် သူအမိန့်ပေးနိုင်တယ် ကျွန်တော်ကသူရဲ့ကျေးကျွန်သာသာပါဘဲ..။''Baekhyun...''
လေတဖြူးဖြူးတိုက်နေတယ့်ကျွန်တော့်ရှိရာအခန်းလေးထဲသူဝင်ရောက်လို့လာတယ်..၊ဒါဟာလဲရိုးနေတဲ့ဖြစ်ရပ်တစ်ခု ခွင့်မတောင်းဘဲဝင်ဝင်လာတတ်တာသူ့ရဲ့အကျင့်တစ်ခုပင်..။
''ဘာကိစ္စရှိလို့လဲ''
''ညစာစားရအောင်လေ~~''
''ခင်များရဲ့ညစာကကျုပ်ဘဲမှတ်လား''
''မဟုတ်ပါဘူးဘေဘီရယ် နေ့လည်ကလဲဘေဘီထမင်းမစားဘူးဆို''
''ဟုတ်တယ်မစားချင်လို့''
''ဘာလို့လဲကိုယ်ဘာအမှားလုပ်မိလို့လဲဘေဘီ''
''ကျုပ်ကိုဘေဘီလို့မခေါ်နဲ့ နားခါးတယ်''
''ကိုယ်ကဘေဘီကိုချစ်လွန်းလို့ဒီလိုခေါ်တာပါကွာဘေဘီဘာဖြစ်ချင်လဲပြောကိုယ်ဘာလုပ်ပေးရမလဲ''
''ကျုပ်အိမ်ပြန်မယ်ကျုပ်ကိုအိမ်ပြန်လိုက်ပို့ပေး''
''ဘယ်အိမ်ကိုပြန်မှာလဲဘေဘီရဲ့ဘေဘီအိမ်ဆိုတာဒီမှာဘဲလေဒါဘေဘီအိမ်လေ''
အိမ်ကနေကျောင်းသွားဖို့ထွက်လာတယ့် ကိုယ့်ကို ကားနဲ့ဖမ်းခေါ်လာပြီး ကြီးမားလွန်းတဲ့သူအိမ်မှာချုပ်နှောင်ထားခဲ့တာဒါနဲ့ဆို၃လတင်းတင်းပြည့်ခဲ့ပြီ။ထို၃လတွင်း သူအလိုကျတိုင်းသူနဲ့အတူနေပေးခဲ့ရတာအကြိမ်ပေါင်းမနည်း။ယောက်ျားလေးဘဲအရှုံးမရှိပါဘူးလေ သူပြန်ပို့ပေးရင်ပြီးရောဆိုတဲ့စိတ်နဲ့လိုက်လျောခဲ့ပင်မယ့် သူကတော့အိမ်ပြန်မပို့သေးချေ။
''မဟုတ်ဘူးကျုပ်အိမ်ကိုပြန်ပို့ပေး''
''မရဘူးကွာဘေဘီဒီမှာဘဲနေရမယ်''
''ကျုပ်အိမ်ပြန်မယ် ကျုပ်ကိုအိမ်ပြန်ခွင့်ပြုပါဗျာကျုပ်တောင်းပန်ပါတယ်''
''Baekhyunee"
''ကျုပ်ကငှက်တစ်ကောင်မဟုတ်ဘူး ခင်များထားချင်တိုင်းထားနေချင်စေချင်သလိုနေရအောင်ကျုပ်ကတရိစ္ဆာန်မဟုတ်ဘူး''