"မင်းက မင်းကိုငါတကယ်ကြိုက်တယ်ထင်နေတာလား""Chanyeol! "
"Sorryဘဲကွာငါ့အတွက်crushဆိုတာမျိုးက ခဏတာမျက်စိကစားပြီး လှပတဲ့အရာလေးတွေကို ကြိုက်တတ်တဲ့ကလေးတစ်ယောက်ရဲ့အတွေးသာသာပါကွာ မင်းကိုတကယ်သဘောကျမိတာမဟုတ်လို့sorryဘဲနော်"
"ဒါပင်မဲ့မင်း..င့ါ..ငါ့အပေါ်ကို"
"အော်ဒါလား...အင်း..ဒီတိုင်းcrushတစ်ယောက်ကိုဂရုစိုက်ပေးရုံပါ ဒါထက်ဘာမှမပိုဘူး"
"အော်..ဒီလိုကို ရတယ်လေငါဆိုတဲ့Do Kyung Sooက ကိုယ့်ကိုကန်ထုတ်တဲ့ သူကိုကိုယ့်ဘက်ကလည်း ဘယ်တော့မှပြန်လှည့်ကြည့်တတ်တဲ့သူမဟုတ်ဘူး..ဟက်.. အော်ပြီးတော့Chanyeol..."
"အင်း..."
"မင်းဝဋ်မလည်ပါစေနဲ့လို့ငါဆုတောင်းပေးလိုက်ပါရစေ"
"အော်ဟုတ်..ကျေးဇူးပါ..Do Kyung Soo shi"
ဇာတ်လမ်းတစ်ခုတော့ရှင်းသွားခဲ့ပြီ သနားစရာcrushလေးတွေ သူတို့ကသူတို့ကို တကယ်ကြိုက်တယ်ထင်နေရှာတာကို ဟား..ဟား..တကယ်ရီရတယ်...
နည်းနည်းဂရုစိုက်ပြလိုက်တာနဲ့ တန်းပါလာကြတယ်၊ ငါ့အတွက်crushဆိုတာ လမ်းမြှာုဖတ်သွားရင်းတွေ့လိုက်တဲ့ ပန်းစည်းလှလှလေးလိုဘဲ လှလို့ကြိုက်တာဘဲရှိတယ်..၀ယ်ဖို့အထိမမက်မောဘူး အချိန်တန်ညိုးသွားရင်စွန့်ပစ်ရမှန်းသိနေခဲ့လို့ဘဲ..."မင်းမရက်စက်လွန်းဘူးလား..."
"ဟင်ငါက?"
"အင်းလေ သူ့လိုရေခဲတုန်းကစပြီးဖွင့်ပြောလာတယ်ဆိုထဲက မင်းသူ့အပေါ်အားနာသင့်တယ်"
"ငါသိပါတယ်Kaiရ D.Oကိုလိုက်ဖို့အရမ်းခက်မှန်းသိတယ် သူ့လိုချစ်ဖို့ကောင်းတဲ့သူမျိုးဆီကအချစ်ခံရတာလည်း တန်တယ် ဒါပင်မယ့်Kaiငါ့အတွက်crushဆိုတာ..ဒီအတိုင်းအလှတရားသက်သက်ပဲ..."
"ဟူး...ငါသွားတော့မယ်"
"နေဦးလေLayတောင်မရောက်သေးဘူး"