အခန်း (၇) - မင်းကို ငါရအောင်ဖမ်းပြမယ်

4K 393 23
                                    

"ရောက်ပြီ" တိုက်ခန်းကိုရောက်တဲ့အချိန်မှာ Han Dong က ပြောလိုက်သည်။

"ဟာ...ဒီနေရာက မဆိုးဘူးပဲ... ရပ်ကွက်ကလည်း အဆင်ပြေပြီးတော့ အဆောက်အဦးကလည်း အသစ်ပဲ" Li Shang က အားပေးလိုက်သည်။

"ငါ့မှာပြစ်ချက်တစ်ခုရှိတယ်...အဲဒါက ငါ့မှာဘယ်လောက်ပဲ ပိုက်ဆံမရှိပါစေ... ကိုယ့်ကိုကိုယ် ဘယ်တော့မှ ဆင်းဆင်းရဲရဲ မနေစေရဘူး" Han Dong က ရယ်ပြီး ပြောလိုက်၏။

Li Shang က လမ်းလျှောက်တက်လာရင်းနဲ့ မီတာ၁၀၀ပတ်လည် တိုက်ခန်းတစ်ခန်းကို အတူစုပေါင်းသုံးတဲ့ အိမ်သာနဲ့မီးဖိုချောင်မပါဘဲ အခန်း၁၀ခန်း ပိုင်းထားတာကို သဘောပေါက်လိုက်မိသည်။

Han Dong က အဲဒီအခန်းတွေထဲက တစ်ခန်းမှာနေတာဖြစ်သည်။ ရှင်းရှင်းပြောရရင် အဲဒါက အဖွဲ့လိုက်စုငှားထားတဲ့ တိုက်ခန်းဖြစ်ပြီး မြေအောက်ခန်းထက် နည်းနည်းပဲ ပိုသာ၏။

"၀င်ခဲ့လေ" Han Dong က Li Shang အတွက် တံခါးဖွင့်ပေးလိုက်သည်။

Li Shang က ရှက်သွားကာ မျက်နှာတောင် နီရဲသွားမိသည်။ အခန်းတစ်ခန်း လုံးက 'ဖရိုဖရဲ' ဆိုတဲ့ စကားလုံးတစ်လုံးတည်းနှင့် မဖော်ပြနိုင်ပေ။ အားလုံးနီးပါးကို ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းပုံထား၏။ ပလတ်စတစ်အိတ်တွေ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ပုလင်းတွေ ပြီးတော့ ဘီယာဘူးခွံတွေ၊ အ၀တ်အစားတွေ၊ မုန့်ထုပ်တွေပေါ့....... လူတစ်ယောက် ခြေစရာနေရာရော ရှိသေးရဲ့လား။

"မနက်က အစောကြီးထွက်ခဲ့ရလို့ ရှင်းဖို့အချိန်မရလိုက်ဘူး... နေရာရှာပြီးသာ ထိုင်တော့" Han Dong က ပြောလိုက်၏။

Li Shang က လှည့်ပတ်ကြည့်လိုက်တော့ ထိုင်ခုံလေးတစ်ခုံတောင်မရှိ။ သူဘယ်မှာ သွားထိုင်ရမှာလဲ။

Han Dong က အစုတ်အပြတ်ပုံထဲက ရာဘာအပိုင်းတစ်ခုကို ကောက်ယူလိုက်ပြီး နှစ်ခါလောက်လေမှုတ်ထည့်လိုက်တဲ့အခါ လေသွင်းထိုင်ခုံလေး ပေါ်လာ၏။

"ညကျတော့ ဘယ်လိုအိပ်လဲ... ကြမ်းပေါ်မှာအိပ်တာလား" Li Shang က မေးလိုက်သည်။

"ဒီမှာအိပ်ရာရှိတယ်မတွေ့ဘူးလား"

Han Dong က နောက်ထပ်နှစ်ခါလောက် မှုတ်လိုက်ပြန်တော့ လေသွင်းမွေ့ယာတစ်ခု ပေါ်လာသည်။ နောက်ပြီး နှစ်ခါ သုံးခါ ထပ်မှုတ်လိုက်တဲ့အခါ လေသွင်းခေါင်းအုံးတစ်ခုပါ ပေါ်လာပြန်သည်။

Feng Mang (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora