အခန်း (၂၄) - အဆိုးဆုံးပြစ်မှု

6.9K 511 67
                                    

Li Shang က Han Dong ကို ဆေးရုံမှာ သွားတွေ့ချိန်တွင် Han Dong က ဆေးဖိုးကုန်ကျစရိတ်တွေအတွက် စိတ်ပူနေခဲ့၏။

"တကယ်ပါပဲ... ဆေးရုံတွေက မှောင်မဲနေတာပဲ... ငါဆေးရုံတက်တာ ရက်နည်းနည်းပဲရှိသေးတယ် ယွမ်တစ်သောင်းခွဲလောက်ကုန်နေပြီ။ ငါ့မှာ ပိုက်ဆံမရှိဘူး Ye Chenglin က အကုန်လုံး စိုက်ပေးထားတာ... ဒါပေမဲ့ သူကိုယ်တိုင်လည်း မင်္ဂလာဆောင်ဖို့ လ၀က်လောက်ပဲလိုတော့တာ... သူပိုက်ဆံသုံးရမယ့်အချိန်မှာ ငါတောင်းရမှာ ရှက်မိတယ်... ငါ့အရင် ရည်းစားဆီက ချေးမလို့စဉ်းစားနေပေမယ့် သူ့ဖုန်းကို ဆက်လို့မရဘူး ဖြစ်နေတယ်... ပြောစမ်းပါဦးကွာ... ငါ့ကိုတကယ်ချစ်တဲ့လူကို ငါဘာလို့ ရှာမတွေ့နိုင်ရတာလဲ"

"ဘာလို့လဲဆိုတာ မသိဘူးလား" Li Shang က ရယ်ကာမေးလိုက်သည်။

Han Dong က စိတ်မကောင်းခြင်းကြီးစွာနဲ့ ခေါင်းငိုက်စိုက်ချထားမိသည်။

"ခင်ဗျားမိဘတွေကရော... ခင်ဗျားဆေးရုံတက်နေရတာ မသိကြဘူးလား... သူတို့ဆီက အရင်ချေးထားလို့ရတာပဲ" Li Shang က မေးလိုက်သည်။

"ငါတို့က အဲဒီလောက် မရင်းနှီးဘူး... ငါဘယ်လိုလုပ် ပြောထွက်မှာလဲ"

"မရင်းနှီးဘူးဟုတ်လား" Li Shang အံ့သြသွားမိသည်။

Han Dong က သက်ပြင်းချကာ...

"ပြောလက်စနဲ့တော့ မင်းကို ပြောပြလိုက်တော့မယ်... ဒီအကြောင်း ငါဘယ်သူ့ကိုမှ မပြောပြဖူးဘူး... မင်းကို ငါ့ညီတစ်ယောက်လို သဘောထားလို့ ပြောပြတာ"
တကယ်တော့ Han Dong ပြောပြပြီးတာ ဘယ်နှယောက်ရှိနေပြီမှန်းတောင် မသိတော့ပေ။ သူ့မိသားစုနောက်ကြောင်းကို တံမြက်စည်းလှည်းသမားကအစ ပြောပြချင်သူဖြစ်သည်။

"ငါက မွေးတုန်းက လက်ချောင်း၆ချောင်း ပါတယ်... လက်၆ချောင်းပါတဲ့ ကလေးက မိဘတွေကို သေစေတတ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်... အဲဒါကြောင့် ငါ့မိဘတွေက ငါ့ကိုဦးလေးအိမ်ပို့လိုက်တယ်... နောက်တော့ ဦးလေးကလည်း သူ့သားသမီးရလာတယ်။ ပြီးတော့ အနီးနားကရွာမှာ သမီးချည်းပဲ သုံးယောက်ရှိတဲ့ မိသားစုတစ်စုရှိတယ်... သူတို့က မသေခင် သူတို့ကိုစောင့်ရှောက်ဖို့ သားတစ်ယောက်လိုချင်ကြတယ်... တစ်ခါ ငါ့ကို အဲဒီမိသားစုဆီ ပို့လိုက်ပြန်တယ်... သူတို့က ငါ့ကိုကြီးပြင်းအောင်စောင့်ရှောက်ခဲ့တဲ့ အခုလက်ရှိမိဘတွေပဲ"

Feng Mang (မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя