အခန်း (၂၃) - အပြောမစောနဲ့

3.6K 383 35
                                    

ရှန်ဟိုင်းကို အလုပ်အတွက်ခရီးသွားရာမှ အပြန်လေယာဉ်ပေါ်တွင် Feng Jun နဲ့
Wang Zhong Ding က Liang Jing အကြောင်းကို ဆွေးနွေးခဲ့မိသည်။

"Liang Jing ရှာတွေ့တဲ့လူက အခြေအနေတွေနဲ့ ကိုက်ညီမယ်လို့ မထင်ဘူးပေါ့"

"အဲဒါ မဖြစ်နိုင်ဘူး" Wang Zhong Ding က ခေါင်းတောင်မမော့ဘဲ တန်းပြောလိုက်သည်။

"ဘာလို့ အရမ်းသေချာနေရတာလဲ...
Liang Jing က ယုံကြည်မှုအပြည့် ရှိနေသလိုပဲ"

"ငါပေးလိုက်တဲ့ အချက်အလက်တွေက အခြေခံအရကို လူ့သဘာဝ အချိုးအစားနဲ့ ဆန့်ကျင်နေတာ... အဲဒီအဆင့်အတန်းကို မီတဲ့လူရှိမှာ မဟုတ်ဘူး" Wang Zhong Ding က ပိုပြီး ယုံကြည်မှုရှိတဲ့လေသံနှင့် ပြောလိုက်သည်။

"ဒါဆို Liang Jing ကို ဘာလို့အဲဒီလိုလူကို အပြင်းအထန်ရှာခိုင်းသေးလဲ" Feng Jun က သူအဖြေသိနေပြီးသား မေးခွန်းကို မေးလိုက်၏။

"အဲဒီလူရဲ့ လက်ဝါးကြီးအုပ်ချင်စိတ်က ပြင်းထန်လွန်းလို့ ဘယ်လိုမှမတတ်နိုင်ဘူး.. ဒီကုမ္ပဏီမှာ စတူဒီယိုတစ်ဒါဇင်ကျော်လောက် ရှိတယ်.. အလုပ်အမှုဆောင် ပရိုဂျူဆာတွေလည်း အများကြီးရှိတယ်.. ဒါပေမဲ့ သူက အာဏာကုန် လက်ဝါးကြီးအုပ်ထားချင်တယ်.. ငါက သူ့အာဏာကို မျှသွားအောင်လုပ်ချင်တာ.. သူ့လက်ထဲမှာရှိနေတဲ့ ပရောဂျက်တွေကို ငါခွဲထုတ်ပစ်မှဖြစ်မယ်"

"ဇာတ်လမ်းရဲ့ အမှုဆောင်ပရိုဂျူဆာအဖြစ်ကနေ ဘာလို့ တိုက်ရိုက်ဖယ်မပစ်လိုက်တာလဲ"
Feng Jun က နားမလည်နိုင် ဖြစ်သွားရသည်။

"ငါက အရမ်းတဲ့တိုးကျလွန်းတယ်လို့ မင်းပဲအမြဲပြောနေတာမဟုတ်ဘူးလား ကိစ္စတွေကို ငါဖြေရှင်းတာက အရမ်းရိုးရှင်းပြီး ကြမ်းတယ်ဆိုပြီးတော့လေ.. အဲဒါကြောင့် ငါ ဒီတစ်ခေါက်နည်းနည်းပိုပြီးတော့ ပညာသားပါပါ လုပ်လိုက်တာ" Wang Zhong Ding က တကယ်အလေးအနက် ပြန်ဖြေလိုက်၏။

'အခုတော့ ကုမ္ပဏီတစ်ခုလုံးက Liang Jing ငပေါကြီးဖြစ်မှာကို စောင့်ကြည့်နေကြပြီ..အဲဒါ တကယ်ရောပညာသားပါတာ ဟုတ်ရဲ့လား' လို့ တွေးမိပြီး Feng Jun မျက်နှာကြီး ညိုမဲသွားခဲ့သည်။

"အကယ်၍များ အဲဒီသဘာဝကို ဆန့်ကျင်နေတယ်တဲ့ 'လုံးဝမဖြစ်နိုင်တဲ့' ခန္ဓာကိုယ်ကို ဘုရားသခင်က ဖန်တီးပေးပြီး အဲဒီလူက ခင်ဗျားကို လာတွေ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲ" Feng Jun က Wang Zhong Ding ကို ကြည့်ကာ နောက်ပြီးမေးလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant