အခန်း (၄) - နံပါတ်ချစ်သူ

5.1K 412 4
                                        

"ရတော့မယ်... ငါ ရတော့မယ်"

Han Dong က ၀ရုန်းသုန်းကားနဲ့ အချိန်အကြာကြီး ဘယ်ညာရမ်းနေရင်း အရမ်းမောဟိုက်နေခဲ့ပြီးမှ မြေကြီးပေါ်ပြုတ်ကျသွားခဲ့သည်။ 
အမြန်ထရပ်လိုက်ပြီး ဘေကျင်းရုပ်ရှင်စတူဒီယို အပေါက်ဆီ သူပြေးသွားလိုက်သည်။

ကံမကောင်းစွာဘဲ မန်နေဂျာက ဒုတိယတစ်ဖွဲ့နဲ့ ထွက်သွားခဲ့ပြီးပြီဖြစ်သည်။

Han Dong က 'အခွင့်အရေးကို စောင့်ရတာတကယ်မလွယ်ဘူး' လို့ ခါးခါးသီးသီး ပြောလိုက်မိသည်။

ရက်ပေါင်းများစွာ တက်တက်ကြွကြွ စောင့်နေကြတဲ့ လူတချို့တောင်မှ အလုပ်ရတတ်ကြတာ မဟုတ်ပေ။
ပြီးတော့ လူရွေးတာက မနက်၇နာရီ ၈နာရီလောက်မှာ စတာဖြစ်ပြီး ဒီအချိန်လောက်ဆိုရင် လူရွေးခြင်းက ပြီးသလောက်ဖြစ်နေခဲ့ပြီ။

Han Dong က သွားတော့မလို့ပေမယ့် ရုတ်တရက် ခပ်လှမ်းလှမ်းကနေ သူ့ကိုပြုံးပြနေတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်၏။

"လူသစ်လား" Han Dong က မေးလိုက်သည်။

Li Shang က ခေါင်းညိမ့်လိုက်ကာ...

"ဟုတ်တယ်...ခုနက ခင်ဗျားအကြောင်း သူများပြောနေတာကို နားထောင်ပြီးတော့ ကျွန်တော်ချက်ချင်းပဲ ခင်ဗျားနဲ့ ရင်းနှီးချင်သွားတယ်..."

"ငါ့အကြောင်း သူတို့ဘာပြောကြတာလဲ"

"ခင်ဗျားက အကျင့်မကောင်းဘူးလို့ အဲဒီလူကပြောတယ်"

"အဲဒါတောင် မင်းက ငါနဲ့ ရင်းနှီးချင်သေးလား" Han Dong က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အကျင့်မကောင်းလို့လေ" Li Shang က ပြုံးပြီးပြောလိုက်သည်။

Han Dong က ဆေးလိပ်တစ်လိပ် ထုတ်လိုက်ကာ Li Shang ကို မီးညှိပေးဖို့ပြောပြီး ဆေးလိပ်သောက်ရင်းမေးလိုက်သည်။

"မင်းက ဒီလောကထဲ ၀င်ချင်လို့လား" Li Shang က ခေါင်းညိမ့်လိုက်၏။

"ဒါဆိုရင်တော့ မင်း တွေ့တဲ့လူမှန်သွားပြီ"

Han Dong က Li Shang ကို လမ်းပေါ်ဆွဲခေါ်သွားပြီး ခဏနေတော့ အနီးနားက လမ်းဆုံဘက်ကို ချိုးလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora