အခန်း (၁၅) - လုံးဝကို ကပ်ဆိုက်တာပဲ

3.8K 412 59
                                    

နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Beijing Entertainment မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်က ဓာတ်ပုံတွေကို ပြင်ဆင်တဲ့နေရာ အတွေ့အကြုံရှိပြီး အရမ်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။
အယ်ဒီတာက လောလောဆယ် ခေါင်းကိုငုံ့ကာ ညွှန်ကြားချက်တွေကို နားထောင်နေရ၏။

"ခင်ဗျားကို ဘယ်နှခါလောက် သေသေချာချာ ပြောရမှာလဲ... ဒီဓာတ်ပုံကို ပြင်လို့မရဘူးဗျ... ကျွန်တော်ပြောတာကို နားမလည်ဘူးလား"

"ဒါပေမဲ့....မပြင်ရင် မဂ္ဂဇင်းမျက်နှာဖုံးရဲ့ နောက်ခံကို ကျွန်တော်တို့ ဘယ်လို လုပ်ရမှာလဲ" အယ်ဒီတာက ဒုက္ခရောက်နေခဲ့သည်။

"လှအောင်လုပ်တာဖြစ်ဖြစ် တခြား effect ထူးထူးခြားခြားတွေ ထည့်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်... ပြဿနာက သူ့မျက်နှာကို ဘာမှသွားပြီး လက်ဆော့လိုက်လို့မရဘူး... Wang Zhong Ding ကို ပထမဆုံးအကြိမ် မျက်နှာလာပြအောင် လုပ်ရတာ ဘယ်လောက်ခက်လဲသိလား... လူတွေက သူ့ဓာတ်ပုံကိုမပြင်ဖို့ အထူးတောင်းဆိုထားတာ... ဘာလို့ ဒုက္ခရောက်အောင်ပဲ လုပ်ချင်နေရတာလဲ"

"ကျွန်တော်က နည်းနည်းလေးပဲ ပိုကြည့်ကောင်းအောင်လုပ်တာပါ... အဲဒီလောက်ကြီး မသိသာပါဘူး... ပရော်ဖက်ရှင်နယ်သမားတွေ မဟုတ်ရင် လုံးဝ သတိမထားမိပါဘူး"

အယ်ဒီတာချုပ်က စိတ်တွေရှုပ်လာကာ စိတ်တိုပြီး အော်လိုက်တော့သည်။

"သူက ဓာတ်ပုံပြင်တာကို နားမလည်ဘူး... ပြီးတော့ တခြားလူတွေက အရေးမကြီးဘူး ဟုတ်လား... Wang Zhong Ding ကို ဘယ်လိုလူလို့ ထင်နေလဲ... သူ့ဆံပင်ကို နည်းနည်းတည့်လိုက်လို့ အရင်ကထက် တစ်မိုက်ခရိုမီတာလောက် ပိုရှည်သွားရင် အဲဒါသူ့မျက်ခုံးမွှေးတစ်ဝက် ဆွဲနှုတ်လိုက်တာနဲ့ အတူတူပဲ... သူချက်ချင်းမြင်နိုင်တယ်... ဒီဓာတ်ပုံကို မြန်မြန်ဖျက်ပြီးတော့ မူလဓာတ်ပုံကိုပဲ သုံးစမ်းပါဗျာ"

...............................

နေ့လည်စာစားပြီးတော့ Han Dong က သတင်းစာဆိုင်ကို ဖြတ်လျှောက်လာရင်းနဲ့ မဂ္ဂဇင်းအဖုံးတစ်ခုကို သတိထားလိုက်မိသည်။

"ဟာ....အရမ်းမိုက်တဲ့လူပဲကွာ"

ခရမ်းရောင်ရှပ်အင်္ကျီနဲ့အတူ ခဲပုပ်ရောင် ပွဲတက်ဝတ်စုံ...
သူရဲ့တည်ငြိမ်နေတဲ့ ပုံစံပဲဖြစ်ဖြစ်... သူ့နက်ခ်တိုင်ရဲ့ သေသပ်မှုပဲဖြစ်ဖြစ်...
ဒါမှမဟုတ် သူ့အင်္ကျီကော်လာလေး ချိုးထားတာပဲဖြစ်ဖြစ်...
အားလုံးက ပြီးပြည့်စုံမှုကို ဖော်ပြနေသည်။ တကယ်တော့ တိကျ ရှင်းလင်း ပြတ်သား နေတယ်လို့ ပြောလို့ရသည်။ Han Dong လို ကလေကချေကတောင်မှ ဒီလူဟာ ပြောစရာမရှိလောက်အောင် ဖက်ရှင်အမြင်ရှိပြီး အသေးစိတ်မြင်တတ်သူဆိုတာ သိနိုင်သည်။

Feng Mang (မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя