Han Dong ရဲ့နေရာကို လိုက်လည်ပြီးတော့ နှစ်ယောက်သား အတူတူ အပြင်ထွက် စားခဲ့ကြသည်။
"ခင်ဗျားက ဘယ်ကလာတာလဲ" Li Shang က မေးလိုက်သည်။
"မွန်ဂိုလီယာအတွင်းပိုင်းဒေသက... မင်းကရော" လို့ Han Dong က ပြန်ပြောလိုက်သည်။
"ကျွန်တော်က Anhui ကပါ... တက္ကသိုလ်တက်ဖို့ ဘေကျင်းကို လာခဲ့ပြီး အရင်နှစ်က ဘွဲ့ရခဲ့တာလေ... သိပ္ပံပညာတက်ခဲ့ပေမယ့် ကျွန်တော်က အမြဲတမ်း သရုပ်ဆောင်ရတာကို သဘောကျခဲ့တာ... ပြီးတော့ အသက်မကြီးခင် လုပ်ကြည့်ချင်လို့ပါ... Wang Baoqiang ကို ဘေကျင်း စတူဒီယိုရဲ့ အပေါက်မှာ ရှာတွေ့ခဲ့တာဆိုတာ ဟုတ်လား"
"စိတ်ကူးတောင်မယဉ်နဲ့... သူက အဲဒီလိုကံကောင်းဖို့ ဘ၀ပေါင်းများစွာ ပါရမီဖြည့်လာတာနေမှာ... ပြီးတော့ Wang Baoqiang က သူအရွေးချယ်ခံရတဲ့ တစ်နေရာတည်းမှာ နေနေခဲ့တာမဟုတ်ဘူး... သူက ကိုယ်ခံပညာကို အဓိကထားတဲ့ ရှောင်လင်ကျောင်းက ကျောင်းသား... မင်းကအဲဒီလို လုပ်နိုင်လို့လား"
"ဒါဆိုရင် ခင်ဗျားက ဘာလို့နှစ်ပေါင်းများစွာ နေနေသေးလဲ" လို့ Li Shang က မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အနှေးနဲ့အမြန် ငါကနာမည်ကြီးတော့မှာမို့ပဲ" Han Dong က သေချာတဲ့လေသံမျိုးနဲ့ ပြောလိုက်၏။
"ခင်ဗျားက နာမည်ကြီးမယ်ဆိုတာ ဘယ်လိုလုပ်သိလဲ"
"တွက်ကြည့်တာ"
"ခင်ဗျားနာမည်ကြီးလာမယ်ဆိုတာကို တွက်ကြည့်တယ်ဟုတ်လား" Li Shang က နောက်သလိုမေးလိုက်သည်။
"မကြာခင်ပဲ... ဒီနှစ်ထဲမှာ ဖြစ်လိမ့်မယ်" Han Dong က စားပြီးသွားတော့ ပါးစပ်သုတ်လိုက်ပြီး ထိုင်ခုံကိုမှီကာ ဂုဏ်ယူစွာပြောလိုက်သည်။
Li Shang က မယုံပေမယ့် Han Dong ရှေ့တွင်လည်း မငြင်းချင်တော့ သူ့ကံဇာတာကို သိရအောင် မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော် နာမည်ကြီးမလား မကြီးဘူးလားဆိုတာ ခင်ဗျားတွက်ပေးနိုင်လား"
Han Dong က Li Shang ကို သေသေချာချာ ခဏကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ထူးခြားတဲ့အကြည့်မျိုးပေါ်လာကာ နောက်တစ်ဝက် အတည်တစ်ဝက်နဲ့ ပြောလိုက်သည်။
STAI LEGGENDO
Feng Mang (မြန်မာဘာသာပြန်)
Storie d'amoreဝတ္ထုအမည် : Feng Mang (锋芒) စာရေးဆရာ : Chai Jidan (柴鸡蛋) ★ Han Dong က အိမ်ထောင်ရေးအကြောင်းကို အတိအကျဟောနိုင်တဲ့ ဗေဒင်ဆရာတစ်ယောက် ဖြစ်သည်။ ★ သူက ဇာတ်လမ်းများတွင် အရံ(ဖြတ်လျှောက်) တစ်ယောက်အဖြစ်လည်း သရုပ်ဆောင်သည်။ ★ တစ်ရက်မှာ မတော်တဆ သူ့ကံကြမ္မာကို ကြည...