#unicode
mask man
လက်ပြကာပြေးထွက်သွားသော boy ရဲ့နောက်ကျော ကိုသာငေးကြည့်နေမိသည်ထိုကလေးကို သူပဲ အမိလို အဖလိုစောင့်ရှောက်ခဲ့ရသည်
သနားဖို့ကောင်းသောကလေးဆိုပေမယ့်စိတ်ဓာတ်ခိုင်မာကြံ့ခိုင်သော ကလေးပင်မိဘမရှိသည့်တိုင်အားငယ်စိတ်မဝင်စေရအောင်သူကပင်အထူးဂရုစိုက်ခဲ့ရသည်
ငယ်ငယ်ကတည်းက သူများကို အနိုင်ကျင့်ဖို့မပြောနဲ့ တခြားလူ က အနိုင်ကျင့်တာကိုမြင်ရင်တောင်ခွန်အားချင်းမမျှလဲ ခံရသူဘက်က ဝင်ကာပေးတတ်သော မဟုတ်မခံ ပုံစံလေးကြောင့်
mask man နဲ့အတူ ဒီနေ့လို ပုံစံဖြစ်လာချင်းပင်
mask man က အရင်ကရဲအရာရှိတဦးဖြစ်သည်
သို့သော်သူ့အကို ဖြစ်သူနဲ့မရီးတို့ဆုံးပါးသွားပြီးနောက်မှာ ရဲအလုပ်ကထွက်ကာ သူ့အကိုရဲ့ကလေးကိုစောင့်ရှောက်ထားချင်းပင်ဘာကြောင့်ရဲအလုပ်ကထွက်ရသလဲဆိုရင်စိတ်နာလွန်းအားကြီးတာကြောင့်ပါ အကိုဖြစ်သူစုံတွဲ ကိုတဖက်ကစည်းကမ်းမဲ့ ကားက သူတိုကိုအရှိန်ပြင်းစွာဝင်တိုက်ခြင်းကြောင့်accident ဖြစ်ရခြင်း ဖြစ်သည်ထိုကားကတော့မောင်းပြေးသွားသည်
ဒါကို သူမြင်သည်ဖမ်းစီးဖို့လုပ်ခဲ့သည်သို့သော်
ရဲချုပ်က ဒီကိစ္စကို မဖော်ပဲ အဆုံးသတ်ရန်တားမြစ်သည်
သို့သော်သူ့ရဲ့မပြောင်းတဲ့ဆုံးဖြတ်ချက်အတိုင်းဆက်စုံစမ်းခဲ့ပေမယ့်အမည်မသိအဖွဲ့စည်းတခုရဲ့ခြိမ်းချောက်ခြင်းကိုခံခဲ့ရသည်ထိုခြိမ်းချောက်မှုကို ဘယ်ကလဲ ဘယ်သူလဲ လို့ စုံစမ်းပေမယ့်ရဲချုပ်က ရပ်ဖို့သာမှာသည်
တရားဥပဒေဆိုတာဘယ်မှာလဲ အလကားနေရင်း ကလေးတယောက်မိဘမဲ့ဖြစ်ရသည်မိသားစုကိုဆုံးရှုံး လိုက်ရသည်
ရဲဖြစ်နေပြီး မတရားမှုကိုထိုင်ကြည့်နေရတာ ပြီတော့ကိုယ့်အကိုမိသားစု
