မှိတ်ထားတဲ့မျက်လွှာလေးတွေရဲ့ မျက်တောင်လေးတွေတောင်
တယောက်မျက်ခွံ့လေးမျက်ခမ်းစပ်လေးတွေကို
ထိတွေ့နေသည်နမ်းလို့မဝသလို ချစ်လို့လဲမဝတဲ့ခံစားချက်က ရင်ထဲမှာလှိုင်းအရှည်ကြီးတခုလို ဖြတ်သန်းလို့မဆုံးနိုင်နှုတ်ခမ်း၂လွှာကို အသာခွာလိုက်ရင်း Yeon မျက်လွှာလေးဖွင့်ကြည့်လိုက်တော့ သူမလိုပဲမျက်လွှာလေးပွင့်လာတဲ့eun လက်၁လုံးခန့်သာ ခြားသေးတဲ့ အကွာအဝေးကနေနောက်ထပ်တခါ
kissပေးလိုက်မိသည်eun ကလဲညှင်သာစွာခံယူရင်း
yeon>> sardarngal eun na !
တိုးဖွဖွလေးပြောမိသည်
yeonရဲ့ချစ်တယ်ဆိုတဲ့စကားတခွန်းကြောင့်
eun ရင်ထဲမှာနင့်သွားခဲ့ရတယ်
Nar du ! ငါရောပဲ ဆိုတာ နင့်ကိုပြောပြစရာလိုမယ်ထင်သေးလား
အနမ်းတွေကိုလက်ခံခဲ့တယ်
ပြန်လည်တုံ့ပြန်ခဲ့တယ်
ဒါပေမယ့်ချစ်တယ်လို့ပြောမထွက်ခဲ့ဘူး
မသင့်ဘူးဆိုတဲ့စိတ်ကို ငါဘယ်လိုမောင်းထုတ်ရမလဲ နှလုံးသားကိုလဲ လွန်ဆန်နိုင်တဲ့အားအင်လဲမရှိတော့ဘူးYeon ပခုံးလေးပေါ် မှီကျလာတဲ့ unnie ရဲ့ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်း ဆံနွယ်လေးတွေကို နမ်းရှိုက်လိုက်သည်
သိတယ်unnie ဘာဖြစ်နေတယ်ဆိုတာ yeon သိတယ်ဒါပေမယ့်ကျေးဇူး ဒီတခါသူမကို လွဲဖယ်ဖို့ မလုပ်ခဲ့လို့ sardarngal unnie ya
ဖုံးကွယ်ထားခဲ့တဲ့ Eunရဲ့နှလုံးသားကို yeon လှုပ်နိုးနိုင်ခဲ့တယ်အသက်နဲ့လဲကာကွယ်ဖို့ အတွက်
unnie ကမတွန့်ဆုတ်ခဲ့ပေမယ့်ချစ်တယ်ဆိုတဲ့
စကားတခွန်းကိုပြောထုတ်ဖို့ ကျ မဝံ့ရဲသေးတဲ့
ရင်ထဲကအကြောင်းတရားတွေကိုဖယ်ရှားနိုင်တဲ့တနေ့ကျမှပြောပါ အခု အနမ်းတွေကိုလက်ခံ
ပေးခဲ့တာဟာ yeon အပေါ်ချစ်တယ်လို့ပြောတာနဲ့အတူတူပါပဲ တုံ့ပြန်ပေးတဲ့အနမ်းလေးတွေအတွက်လဲတကယ်ကျေးဇူးပါပဲဟိုးး အသက်ထက်ဆုံးတဲ့တိုင်ထိချစ်သွားပါ့မယ်
ဒီလောကကြီးထဲမှာyeonဆီ unnieရောက်လာပေးတဲ့အတွက်တကယ်ကျေးဇူးတင်တယ်
ဘာပဲဖြစ်ဖြစ်yeon အတွက်က ထာဝရMac ပါပဲ
yeon ကို ကာကွယ်ပေးသော ၊ချစ်ပေးသော၊ဂရုစိုက်ပေးခဲ့သော၊နွေးထွေးပေးခဲ့သော၊ပြီးတော့ ရင်ခုန်မှုတွေပေးခဲ့သော သူ