#Unicode
🎬🎬 အပိုင်း၂🎬🎬ကွေ့ဝိုက်ကာဖောက်ထားသောကုန်းတက်လမ်း
လေးရဲ့နံဘေးမြင်ကွင်းက မြို့ ပြနဲ့ခြားနားစွာတည်ရှိ
နေသည်ဒါပေမယ့်လဲ ထိုလမ်းလေးဟာ မြို့ပြရဲ့
ရပ်ကွက်တခုအတွင်းမှာပဲဖြစ်သည်ကုန်းမြင့်ထက်မှာ
တည်ရှိနေသောကြောင့်သာယာသော view ကို
လွယ်ကူစွာပဲတွေ့မြင်နိုင်သည်
လမ်းတဖက်ခြမ်းတွင်အိမ်လေးတွေအစီရီတည်ရှိပေမယ့်
ကျန်တဖက်ခြမ်းကတော့ ဘာမှမရှိဘေးကာ စတီးတန်းလက်ရမ်းသာ ရှိသည်
ထိုနားမှကြည့်လျှင်မြို့ပြတခုလုံးရဲ့အလှကိုမြင်သာသည့်အပြင်
အောက်ခြေရှိလမ်းတခုလုံးအကွေ့ဝိုက်လေးတွေကိုလဲတွေ့ရပေမည်
ရပ်ကွက်အတွင်းရှိအိမ်လေးတွေကတော့ ဥရောပဆန်ဆန်ဆောက်လုပ်ထားတာ
မဟုတ်ဘဲ ရိုးရာဘေးလျှောထိုးတံခါးတွေနဲ့ တထပ်ပုံစံသာဆောက်လုပ်ထားသော
ရိုးရာရှေးအိမ်ပုံစံမျိုးသာ အားလုံးနီးပါး ဖြစ်သည်
ဒါကိုက ဒီနေရာလေးရဲ့ထူးခြားချက်ပေါ့ထို့ကြောင့်ဒီနေရာလေးကို yeon ကအရမ်းသဘောကျသည်
လူချမ်းသာရပ်ကွက်တခုမဟုတ်ပေမယ့်တိတ်ဆိတ်ကာအေးချမ်းသည်yeon နာမည်က ji yeon ပါ
မနက်ခင်း yeon လမ်းလျှောက်ရာမှပြန်လာနေခြင်းဖြစ်သည်
သူမနေထိုင်ရာအိမ်ကလေးရှေ့မှာတော့ ရပ်နားထားသောကားတစီးရှိသည်yeon"ကျစ်!!"
ကားထဲမှလူတယောက်ထွက်လာသည်လက်ထဲမှာလဲပန်းစည်းနှင့်
ပုံစံကတော့ သာမန်လူတန်းစားပုံမဟုတ်ပဲ အနောက်တိုင်းဝတ်စုံကိုအချိုးကျ
အောင်သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော လူရည်သန့်တယောက်ပင်ထိုသူက "yeonလေး ပြန်လာပြီလား"
ဟုဆိုလျှက်yeon လက်ထဲကိုပန်းစည်းထည့်ပေးသည်yeon" ဘာလုပ်တာလဲကျေးဇူးပြု ပြီးမလာစမ်းပါနဲ့"
ထိုသူသည်yeonထက်၇နှစ်လောက်ကြီးသူဖြစ်ပုံရသည်