Ep 29

1K 63 1
                                    

Eun>>​ရော့  ဒါ​လေးတပ်​ထား​နော်​

မျက်​နှာ​ပေါ် ကျွဲကိုင်း မျက်​မှန်​လေး တပ်​ပေးလိုက်​ပြီး​ခေါင်း​ပေါ်ဦးထုပ်​လေးတလုံး​ဆောင်း​ပေးလိုက်​သည်​

eun က​တော့မူရင်းမျက်​နှာ​လေးအတိုင်း
နဲ့ yeon နဲ့လက်​ချင်းချိတ်​ကာ အပြင်​ထွက်​လာသည်​နောက်​နေ့စားဖို့​ဈေးဝယ်​ရမယ်​လေ

market အတွင်း လက်​တွန်းလှည်း​လေးကို သူနဲ့အတူတွန်းလျှက်​ဈေးဝယ်​ရင်း​ပျော်​ရွှင်​နေသည်​

ပစ္စည်းများကို​ကောင်​တာမှာရှင်း​ပေးပြီး​နောက်​
market ထဲမှထွက်​အလာ ခပ်​လှမ်းလှမ်းမှာကစားကွင်းရှိတာမို့ အ​ဝေးက​ရောင်​စုံမီးဆိုင်း​တွေနဲ့လှ​နေ​သောချားရဟတ်​ကို​ငေးကာ

yeon>> wow yiputhar လှလိုက်​တာ

eun>>ဘာလဲ

yeon>> ဟိုးမှာ​လေ ommaနဲ့ငယ်​ငယ်​ကစီးဖူးတာသတိရတယ်​

eun>>​သြော်​အဲ့ဒါလား အင်း​လှတယ်​
စီးချင်​လို့လား

yeon>> မစီးချင်​ပါဘူး​တော်​ပါပြီ

yeonူငယ်​ငယ်​က အ​မေနဲ့​ပျော်​ရွှင်​စွာစီးခဲ့ဖူးသည်​ထင်​တယ်​ဒီအတိုင်းပြန်​သွားရင်​ငယ်​ဘဝကသူ့ommaနဲ့​နေခဲ့ဖူးတာကို သတိရစိတ်​ဝင်​ကာမ​ပျော်​မရွှင်​ဖြစ်​နေမှာ​သေချာတယ်​
အဲ့လိုစိတ်​လေးကို​ပျော်​ရွှင်​စရာ​လေး​တွေနဲ့ဖုံးလွှမ်း​ပေးဖို့ဆိုရင်​

eun>>လာ

yeon>>ဘယ်​လဲ

သူမလက်​ကိုဆွဲကာ ကစားကွင်းစီဦးတည်​သွား​နေတဲ့unnie

Yeon>> ဘာလုပ်​မလို့လဲ

eun>>စီးမယ်​လေ

yeon>>မဖြစ်​ဘူး​လေဒီမှာပစ္စည်း​တွေပါတာကို

eun>> ရပါတယ်​လာ

ကစားကွင်းထဲ​ရောက်​တော့​ရောင်​စုံမီးဆိုင်း​တွေတပ်​ဆင်​ကာ  လှပ​နေ​သောမြင်​ကွင်းက စိတ်​ကြည်​နူးစရာ

eunက လက်​မှတ်​သွားဝယ်​ရင်း

eun>>arrgyushi ဒီပစ္စည်းထုပ်​လေးကိုခဏအပ်​ခဲ့မယ်​စီးပြီးရင်​ပြန်​လာယူပါ့မယ်​

MacWhere stories live. Discover now