"Omma သားပြီးပြီ မသွားသေးဘူးလား"
အကျီင်္အပြာ ဘောင်းဘီအရှည်အနက်လေးနှင့်ဆံပင်ပျော့ပျော့လေးတွေလွင့်နေအောင်
ဆင်းလာသောကောင်လေးသည်အလွန်တက်ကြွနေပုံရသည်
ထိုကောင်လေးကိုသူ့အမေကပုခုံးကိုဖက်လိုက်ရင်း"သွားတော့မယ်သားရဲ့
သားappaအဝတ်လဲနေလို့ကြာနေတာ"ကောင်လေးကချစ်စဖွယ်ပြန်ရယ်ပြရင်း
"ဒါဆိုသားကားထဲမှာသွားစောင့်နေတော့မယ်နော်""သွားနှင့် သားလေး ommaတို့လာခဲ့မယ်"
သူ့အမေစကားကိုရယ်ပြရင်း
ကားနောက်ခန်းမှာchanyeolကိုဖုန်းဆက်ပြီးစကားပြောရင်းစောင့်နေလိုက်သည်ခဏနေတော့ommaနဲ့appaပါရောက်လာပြီးသူတို့ကားလေးဟာမြို့အစွန်မကျတကျမိဘမဲ့ဂေဟာလေးထံသို့
မိဘမဲ့ဂေဟာထဲဝင်လိုက်လျှင်
လမ်းသွယ်လေးတစ်ခုကိုနည်းနည်းလျှောက်ရသည်
ဘေးမှာသစ်ပင်ကြီးတွေလည်း
ရှိနေပြီးချယ်ရီပန်းပွင့်ချိန်ဖြစ်သောကြောင့်ချယ်ရီပွင့်လေးများလည်းမြေပေါ်မှာကြွေကျနေကြသည်ကလေးများ၏ဆော့ကစားသံများနှင့်ရယ်မောနေသံများကပတ်ဝန်းကျင်ကိုပိုလှအောင်ဖန်တီးပေးနေသယောင်
သူသည်ကလေးအလွန်ချစ်သည်
မိဘနှစ်ပါးရဲ့ချစ်ခင်ယုယမှုကိုအပြည့်အဝခံယူပြီးကြီးပြင်းလာတာကြောင့်မိဘမရှိသောကလေးများ၏ဘဝကိုသနားသည်
သူသာငယ်ငယ်လေးနဲ့မိဘမရှိခဲ့ရင်ဆိုသည့်အတွေးမျိုးတွေးပြီး
ကိုယ်ချင်းစာကာပိုသနားရသည်ကြားရက်တွေလည်းappaတို့အားလျှင်ဒီဂေဟာလေးကိုလာပြီးလက်ဆောင်ပေးတာမျိုး
မုန့်တွေဝယ်လာတာမျိုးအမြဲလုပ်တတ်သည်"Jong In oppa
Jong In hyung"ကလေးတွေကဆော့နေရင်းပင်သူ့ကိုတွေ့တာနဲ့ပြေးလာကြသည်မို့ဒူးထောက်ထိုင်လိုက်ပြီးလက်ကိုကားထားလိုက်ပြီးပြေးလာသည့်
ကလေးတွေကိုရသလောက်သိမ်းကျူံးဖက်လိုက်သည်