*ကိုကို*2

7.7K 710 25
                                    

ထိုက​လေးထိုင်​​နေ​သောအခန်းအတွင်းသို့
ဖြေး​ဖြေးချင်းဝင်​သွားလိုက်​သည်

တခြားက​လေး​တွေကသုံး​ယောက်​တစ်​ခန်း​နေရတာဖြစ်​ပြီး​ဂေဟာလာတဲ့လူ​တွေ​ပေးထားတဲ့လက်​​ဆောင်​​တွေနဲ့ပြည့်​နှက်​​နေ​ပေမယ့်​ဒီအခန်းထဲတွင်​​တော့ကုတင်​တစ်​လုံးတည်းနဲ့ဗီရိုတစ်​ခုသာရှိပြီးလက်​​ဆောင်​ဆိုလို့ကျွန်​​တော်​ခုနက​ပေးထားတဲ့ဝက်​ဝံရုပ်​​သေး​သေး​လေးသာသူ့လက်​ထဲတွင်​ရှိသည်

ထို့အပြင်​မီးလုံး​လေးတစ်​လုံးသာရှိပြီးညဘက်​ဆိုလည်းအလင်း​ရောင်​​ကောင်း​ကောင်းရမည့်​ပုံမ​ပေါ်

ဝဲတက်​လာ​သောမျက်​ရည်​တစ်​ချို့ကိုမျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ကာထိန်းလိုက်​ပြီးအတတ်​နိုင်​ဆုံးထိန်းကာ​နောက်​က​နေကုတင်​​ပေါ်ထိုင်လျက်​​​ပုခုံး​လေးအားသိုင်းဖက်​လိုက်​သည်

ရုတ်​တရတ်​ဖက်​လိုက်​​တော့လန့်​သွားလို့ထင့်
ထိုင်​​နေရာကတစ်​ချက်​ခန္တာကိုယ်​​လေးတုန်​သွားသည်

ထို့နောက်​ဘာမှမ​ပြောဖြစ်​ပဲက​လေးပုခုံး​သေး​သေး​လေး​​ပေါ်တွင်​သာမျက်​နှာ​မှောက်​လျက်​ငြိမ်​​နေမိသည်

အတန်​ကြာမှမျက်​နှာကိုဒီဘက်​လှည့်​​စေကာလက်မကို​နားရွက်​​​ရှေ့နားသယ်စပ်နားတွင်ထားလျက်​​​​နောက်​လက်​​ချောင်းများက​ခေါင်း​လေးအားထိန်းကိုင်​ကာအတတ်​နိုင်​ဆုံးရယ်​ပြလျက်

"ဒီ​နေရာက​နေထွက်​သွားကြမလား အတူတူ"

က​လေးကဘာမှမ​ပြော​သော်​လည်းကြည့်​​နေ​သောမျက်​ဝန်းများသည်​ငိုချင်​၍လား
မျှော်​လင့်​​နေခဲ့၍လားမသိမျက်​ဝန်းအိမ်​သည်​အနည်းငယ်​စိုစွတ်​လာဟန်​ထင်​ရသည်

ဆံပင်​အုပ်​အုပ်​​လေးအားသပ်​​ပေးလျက်
"အခု​တော့လိုက်​လို့မရ​သေးဘူး
ဒါ​ပေမယ့်​​သေချာ​ပေါက်​လာ​ခေါ်မယ်
ဒါ​ကြောင့်​ ​စောင့်​​နေ​နော်
မကြာ​စေရဘူး ကိုကိုပြန်​လာခဲ့မယ်​ ဟုတ်​ပြီလား"

ထို့​နောက်​နဖူး​လေးအားတစ်​ချက်​နမ်း၍အ​ကြောင်းစုံ​မေးရန်​အပြင်​သို့ထွက်ရမည်​ဖြစ်​​သော​ကြောင့်​ထလိုက်​သည်

ကိုကိုWhere stories live. Discover now