*ကိုကို*19

4.4K 515 34
                                    

·အရှေ့ကကော်ဖီဆိုင်မှာစောင့်နေမယ်
ရုံးဆင်းရင်လာခဲ့နော်❤.

အလုပ်လုပ်နေရင်းဝင်လာတဲ့msgကိုမြင်မြင်ချင်း
လုပ်သမျှအားလုံးရပ်ကာ ကုတ်အင်္ကျီဆွဲယူရင်း
အခန်းတံခါးအမြန်ဆွဲဖွင့်တော့အတွင်းရေးမှူးကအလန့်တကြားမတ်တပ်ထရပ်တယ်

"ဥက္ကဋ္ဌ ဘာလိုအပ်တာများ.."

"မရှိပါဘူး ကျွန်တော်အခုရုံးဆင်းတော့မယ်
တာဝန်ကျေပါတယ်"

အမြန်ပြောရင်း ကော်ဖီဆိုင်ကိုအပြေးတစ်ပိုင်း
လျှောက်လာလိုက်တယ်
ဆိုင်ထဲဝင်ပြီးပြီးချင်းသိပ်မရှာလိုက်ရပဲ
ရင်းနှီးနေတဲ့အရိပ်လေးကအမြင်အာရုံထဲဝင်လာတယ်
ရိုးရိုးရှင်းရှင်းလေးဝတ်ထားပြီး
ဒီတိုင်းအပြင်ဘက်ကိုငေးကြည့်နေတဲ့ပုံရိပ်ကပင်
ကျွန်တော့်အတွက်အပြင်မှာကျနေတဲ့
နှင်းပွင့်လေးတွေထက်လှသည်

အနားကိုခြေသံမထွက်အောင်သွားပြီး
ပါးဖြူဖြူလုံးလုံးလေးကိုမွခနဲနမ်းလိုက်တော့
အလန့်တကြားဖြစ်သွားတဲ့ရုပ်လေးက
ဆွဲကိုက်ချင်စရာ

"ကိုကို ဆိုင်ထဲမှာလူတွေနဲ့"

ခပ်တိုးတိုးပြောပြီးရင်ဘတ်ကိုလက်သီးနဲ့
မနာအောင်ထိုးသည်

"ဘာဖြစ်လဲ ဘေဘီရဲ့
လူတွေကသူ့အာရုံနဲ့သူကို
ပြီးတော့အရင်ကလည်းနမ်းနေကျပဲကို"

"ရုံးဆင်းချိန်ရောက်ဖို့နာရီဝက်လောက်လိုသေး
တယ်မလား ဘာလို့ရောက်လာတာလဲ"

"ဟောဗျာ ဘေဘီကအရှေ့ရောက်နေတဲ့ဟာကို
ကိုကိုကဘယ်လိုစိတ်ချလက်ချအလုပ်လုပ်မလဲ
ပြောပါဦး ဘယ်ကနေရောက်လာတာလဲ"

"ဒီတိုင်း ကိုကိုနဲ့dateလုပ်မလို့
Wae မကြိုက်ဘူးလား"

သူ့ဘာသာပြောပြီးမှဟိုကြည့်ဒီကြည့်နဲ့
ရှက်နေပြီး မျက်ခုံးပင့်ကာမေးတဲ့ပုံကို
ကြည့်ကာအသည်းယားတာကထိန်းမရတော့
ခုံပေါ်တင်ထားတဲ့လက်ကိုဆွဲညစ်မိတော့သည်

"ကော်ဖီသောက်ဦးမလား
သွားကြမလား"

"သွားမယ်လေ
ဒီနေ့နောက်ကျမယ်ထင်ပြီးကိုကိုခုနက
အဆာပြေစားထားသေးတယ်"

ကိုကိုWhere stories live. Discover now