"ကို ကိုကို"
ထစ်ထစ်အအခေါ်မိတဲ့အထိ ကိုကို့မျက်လုံးတွေကkyungsooပေါ်မှာပဲစုပြုံကျရောက်နေတုန်း
စက္ကန့်အနည်းငယ် ကျောင်းဝင်းထဲကတိုက်ခတ်နေတဲ့လေတစ်ချို့ရယ် အပင်တွေရဲ့သစ်ကိုင်းတွေတစ်ခုနဲ့တစ်ခုပွတ်တိုက်မိလို့်ထွက်ပေါ်လာတာကလွဲ အကုန်ငြိမ်သက်လျက်"အာ့"
ရုတ်တရတ်အမြန်ပြေးလာပြီးတအားဖက်လိုက်တဲ့ကိုကို့ကြောင့် နာ၍အသံတောင်ထွက်သွားရသည်
အရပ်အနေအထားကြောင့်ကိုကို့ရင်ဘတ်တစ်နေရာမှာပါးအပ်၍ အသက်တောင်ရှူလို့်မရတော့အောင် အရိုးတွေပင်ကျိုးကုန်ပြီထင်ရအောင်အတင်းအကျပ်ဖက်ထားတာ
ပြန်လည်းမဖက်မိသလို အသံတောင်မထွက်ဖြစ်
ခဏကြာမှ ဖက်ထားရာမှခွာလိုက်ကာ"ရရဲ့လား ဘေဘီဘာဖြစ်သွားလဲ
ဘယ်နားထိခိုက်သွားသေးလဲ
ခန္တာကိုယ်တစ်ခုလုံးကိုလိုက်ကြည့်၍ ထိတွေ့နေရင်း ကိုကိုကလှေကားအောက်မှာကျနေတဲ့မိန်းကလေးကိုမေ့နေပုံ
တကယ်ကကျွန်တော်ဘာမှမှမဖြစ်ပဲလေ"ကိုကို ဟိုမှာ"
ကိုကို့လက်ကိုဆွဲယူပြီး လှေကားအောက်ကိုလက်ညိုးထိုးပြသော်လည်းတစ်ချက်သာကြည့်၍
"အင်း ကိုကိုသိတယ်
ဘေဘီလန့်သွားသေးလား"ကိုကိုသိတယ်
ကိုကိုသိရဲ့သားနဲ့ ဘာဖြစ်လို့
ဘာမှမပြောဘူးလား
မြင်ရတဲ့အခြေအနေကအသိသာကြီးကို
တကယ်ကိုလန့်မလန့်စိတ်ပူနေပုံ
လက်နှစ်ဖက်ကိုkyungsooပါးပြင်တစ်ဖက်ဆီမှာအုပ်ကိုင်ထားပြီး အာရုံအလုံးစုံကkyungsooပေါ်မှာပင်ခေါင်းခါပြလိုက်တော့မှ
"ဒါဆို ခဏလေးကိုကို့ကိုစောင့်နေ
ကိုကို လူသွားခေါ်လိုက်ဦးမယ်
ခဏလေးပဲနော်"ကိုကိုကထိုသို့ပြောကာတစ်ဖက်ကိုပြေးသွားပြီးနောက်
ခေါင်းမှသွေးများထွက်ကာမေ့လဲနေသောသူမအပြောအရnoonaထံတဖြည်းဖြည်းလျှောက်သွားလိုက်သည်
မျက်နှာနုနုဖတ်ဖတ်လေးနဲ့မလိုက်
သွေးများကခေါင်းမှနည်းနည်းစီ ယိုစိမ့်လျက်