ကိုကို *Final*

3.8K 277 10
                                    

သူသည်ဘယ်လောက်ပဲသံယောဇဉ်မရှိဘူးပြောပြော
ဆယ်စုနှစ်တစ်ခုစာ အကိုကြီးလိုအနားမှာရှိပေးခဲ့သော
ခေါင်းဆောင်ကိုတော့မျက်စိရှေ့မှာအဖမ်းခံရသည်ကို
မမြင်ရက်ပါ
သူတို့အဖွဲ့သည်မူးယစ်ဆေးဝါးအရောင်းအဝယ်
လုပ်သည်ဆိုသော်လဲ မည်သူ့အသက်အန္တာရယ်ကိုမှ
မထိပါးခဲ့
မျိုးရိုးအလိုက်ဒီအလုပ်လုပ်လာသောကြောင့်
မလုပ်တော့လျှင်ပြသာနာများစွာရှိသောကြောင့်သာ
ခုချိန်ထိလုပ်နေသည်ဖြစ်သည်
သို့သော် ခေါင်းဆောင်သည် သူ့ညီSehunကိုတော့
ဒီအလုပ်နဲ့ပက်သက်လို့မည်သည့်ကိစ္စမျိုးကိုမှမခိုင်းခဲ့ပါ
သူ့လက်ထက်တွင်အပြီးသတ်မည်ဟုတွေးထားသည်

ကိုကို့ဆီကထွက်လာပြီးလမ်းပေါ်မှာလေလွင့်နေသော
သူ့ကိုခေါင်းဆောင်သည် လက်ကမ်းပေးခဲ့သည်
ထို့နောက်Sehunနဲ့အဖော်ရသည်ဟုဆိုကာ
တရုတ်ကိုခေါ်သွားခဲ့သည် စာသင်ပေးခဲ့သည်
သူ့အနားမှာပဲထား၍အကိုတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့သည်

တစ်ဖြည်းဖြည်းနဲ့ရဲကားအသံတွေဝေးကာ
သွားသည်နဲ့တစ်ပြိုင်နက် သဘောင်္ဆိပ်သည်
တိတ်ဆိတ်သွားသည်
ထိုအခါမှ Kyungsoo သူ့ကိုချုပ်ထားသောသူကို
သတိထားမိသည်
ထိုသူ၏ကိုယ်သင်းနံ့ကိုသူအလွန်ရင်းနှီးနေသည်
မဟုတ်ပါ မဖြစ်နိုင်ပါ
Kyungsoo ရင်တွေတုန်လာသည်
ကိုကို့ကိုအသိပေးဖို့စဉ်းစားထားပေမယ့်
ဒီလိုအခြေအနေနဲ့မဟုတ်
အားလုံးအေးအေးဆေးဆေးဖြစ်သွားမှ
အသိပေးကာ တောင်းပန်မည်ဟုစဉ်းစားထားခြင်း
ဖြစ်သည်

ရုတ်တရတ် Kyungsoo ကိုယ်သည်
ဆွဲအလှည့်ခံလိုက်ရလျှင်
မကြည့်ရဲစွာ မျက်စိတွေကိုမှိတ်ထားလိုက်မိသည်

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

နွေးထွေးသောအသံသည်
နားမှတဆင့်နှလုံးသားထဲရောက်သွားသလို
ကျောထက်မှခပ်ဖွဖွပုတ်ပေးနေသော
လက်ချောင်းများ၏အထိအတွေ့ကိုခံစားလိုက်ရသည်

Kyungsoo မျက်စိများဝါးလာသည်
ဘာဖြစ်ဖြစ်တစ်ခုခုပြောလိုက်ချင်ပေမယ့်
မျက်ရည်များသာကျလာသည်
ကိုကို့ခါးထက်မှအင်္ကျီစကိုဆွဲပြီး
ကလေးတစ်ယောက်လိုသာငိုနေမိသည်
သူများတွေဘယ်လိုမြင်မြင်ကိုကို့တစ်ယောက်ထဲ
ကိုတော့ ဖြူစင်တဲ့ပုံစံပဲပြချင်သည်
အပြစ်ကင်းတဲ့ပုံစံပဲမြင်စေချင်သည်

"Aigoo ကိုကို့ကိုကြည့်ပါဦး ဘေဘီရဲ့
မျက်နှာတစ်ခုလုံးလဲပေကျံပြီးရုပ်ဆိုးလေး
ဖြစ်နေပြီကွာ"
မျက်နှာကိုကိုင်ကာမော့ပေး၍ပြောသော
ကိုကို့အသံသည် ဂေဟာမှခေါ်သွားတုန်းကလိုမျိုး
အပြစ်လုပ်တိုင်းခွင့်လွှတ်ပေးခဲ့သလိုမျိုး
လိုအပ်နေချိန်တိုင်းအမြဲတူတူရှိပေးတဲ့အချိန်ကလိုမျိုး
နည်းနည်းမှမပြောင်းလဲပါ

မီးအလင်းရောင်မရှိသောဤနေရာတွင်
လရောင်ကသာကိုကို့မျက်နှာပေါ်ဖြာကျနေသည်
ပြုံးကာ မျက်ရည်တွေကိုသုတ်ပေးနေသည့်
မျက်နှာသည် သူထင်ခဲ့သလို စိတ်ပျက်မှုများရှိမနေ

"အိမ်ပြန်ဖို့နောက်ကျနေပြီ ကလေးလေး
အခုအိမ်ပြန်မှဖြစ်တော့မယ် လာ"

ကွန်တိန်နာတွေကြားမှထွက်ကာ
လက်ကမ်းပေးနေသော ကိုကိုသည်
လရောင်အောက်တွင် ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင်
ခန့်ညားနေခဲ့သည်
သူ့အတွက်အမြဲတမ်းရှိပေးနေမယ့်ဒီလူသားကို
တစ်လောကလုံးနဲ့လဲရမည်ဆိုရင်တောင်လဲနိုင်ပါသည်
အမြဲတမ်းစောင့်ပေးနေခဲ့တဲ့ဒီလူအတွက်
အခုကစလို့ဘာပဲဖြစ်ဖြစ် မကြောက်တော့ပဲ
သတ္တိရှိရှိဆက်လျှောက်သွားရမည်

ကမ်းပေးထားသော လက်ကိုဆုပ်ကိုင်လိုက်ရုံနဲ့တင်
အမည်ဖော်ပြလို့မရတဲ့အားအင်တွေဟာ
ခန္တာကိုယ်တစ်လျှောက်ဖြတ်သန်းစီးဆင်းသွားပါတော့သည်

"အင်း ဘေဘီတို့အိမ်ပြန်ရအောင်လေ "

လရောင်အောက်ကခိုင်မြဲစွာတွဲထားတဲ့
ဒီလက်တစ်စုံဟာ
နောက်ထပ်ဘယ်တော့မှဖြင့်...

1114 words
11:38PM
3 August,Saturday,2019


မရေးတော့တာတစ်ကယ်ကိုတစ်နှစ်နီးပါးရှိပြီနော်
ဘာအကြောင်းကြောင့်မှန်းကိုမသိပါဘူး
တကယ်ဆိုစာရေးတဲ့အချိန်ကဝမ်းနည်းနေတဲ့
အချိန်များတယ် အခုလဲနေမကောင်းတာကြောင့်ရောတခြားသောစိတ်အခြေအနေလေးတွေအပြင်
Messagesမှာ junကupdateလာတောင်းထား
တာတွေ့လို့တော်တော်ပျော်ပြီးရေးဖြစ်သွားတာ
လုံးဝမပြည့်စုံတဲ့အရေးအသားတွေကို
ဖတ်ပေးတဲ့သူတွေအကုန်လုံးကိုတကယ်ကျေးဇူး
တင်ပါတယ် Extraတွေနဲ့ပြန်လာခဲ့မယ်နော်♥     

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 03, 2019 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ကိုကိုOù les histoires vivent. Découvrez maintenant