*ကိုကို*8

6.1K 676 87
                                    

နေ့လယ်​စာစားချိန်​​ရောက်​​နေပြီ
ခုထိဆရာမကမလွှတ်​​သေး
သူ့အချိန်​မှာ​ကျောင်းသားတစ်​​ယောက်​က
ဖုန်းခိုးသုံးလိုက်​လို့သူများအခန်း​တွေလွှတ်​​နေပြီကိုတံခါးပါပိတ်​ထားပြီးဒီတိုင်း​နေ​နေရတယ်

ဒီဆရာမ​ဒေါသကြီးတာသိရဲ့သားနဲ့
အဲ့​ကျောင်းသားကဖုန်းခိုးသုံးရလား
အခု​တော့သူတစ်​​ယောက်​​ကြောင့်​နဲ့ကျန်​တဲ့သူ​တွေပါငုတ်​တုတ်​ထိုင်​​နေရတယ်

ဘေဘီ​စောင့်​​နေမှာ
ထမင်းဘူးကလည်းကျွန်​​တော့်​ဆီမှာဆို​တော့ဗိုက်​ဆာ​နေမလားမသိဘူး
မနက်​ကလည်းအိပ်​ရာထ​နောက်​ကျလို့ဆိုပြီး​မနက်​စာကိုနည်းနည်းပဲစားသွားတယ်
ကျောင်း​နောက်​ကျလည်းဘာမှမဖြစ်​ပါဘူးဆိုတာကို

ကျစ်​ ခုထိဆရာမကဘာစကားမှလည်းမ​ပြောပဲမလွှတ်​​သေးတာ
သူများ​တွေ​တောင်​canteenသွားကုန်​ကြပြီ
လွှတ်​​စေချင်​​ပေမယ့်​လည်းအကုန်​ငြိမ်​​နေကြရတယ်
ထပ်​ပြီး​ဒေါသထွက်​မှာစိုးလို့

...............................................

Kyungsooအခန်း​ရှေ့မှာ​စောင့်​​နေတာကြာလှပြီ
ကိုကိုက ခုချိန်​ထိမလာ​သေး
တစ်​ခါတစ်​​လေဆို​စော​တောင်​​ရောက်​​နေတတ်​တဲ့ဟာကို
စောမ​ရောက်​ရင်​​တောင်​ဒီ​လောက်​မ​စောင့်​ရ
ခု​တောင်​ဆယ်​မိနစ်​​လောက်​ရှိ​နေပြီထင်​တယ်

သွားကြည့်​ရင်​​ကောင်းမလား
သွားရ​အောင်​ကိုကို့အခန်းမှမသိတာ

"ဒီမှာ"

"ဟင်​ ငါ့ကို​ခေါ်တာလား"

အခုမှအခန်းထဲကထွက်​လာတဲ့သူကို​ခေါ်လိုက်​​တော့သူ့ကိုယ်​သူလက်​ညိုးထိုးပြီးပြန်​​ဖြေ​လေတယ်

"အထက်​တန်းပထမနှစ်​​တွေရဲ့အ​ဆောင်​ကိုဘယ်​လိုသွားရမလဲ"

"ဒီက​နေတည့်​တည့်​သွား
ပြီးရင်​ဘယ်​​ကွေ့
အ​ပေါ်ထပ်​ကိုတက်​ရင်​ရပြီ"

လက်​ညိုးကြီးထိုး​ပြောပြပြီးအရမ်းအံ့သြပုံ​ပေါက်​​နေတဲ့တစ်​​ယောက်
သူ့နာမည်​ဘယ်​သူပါလိမ့်
အင်း သိဖို့မလိုပါဘူး
ကိုကို့ဆီအမြန်​​ရောက်​ဖို့အ​ရေးကြီးတာ
ကိုကို့အ​ကြောင်း​တွေးရုံနဲ့တင်​ ခုနကလမ်း​ပြောပြတဲ့လူကို​တောင်​ကျေးဇူးတင်​စကားမ​ပြော
အသိအမှတ်​ပြုသလိုသာ​ခေါင်းတစ်​ချက်​ညိတ်​သွားတဲ့လူက တစ်​​ယောက်​တည်းပြုံး​နေ​တော့တယ်

ကိုကိုWhere stories live. Discover now