ယူစရာလည်းများများစားစားမရှိသည်မို့
အဝတ်အစားထုပ်လောက်သာယူပြီးဘေဘီ့လက်ကိုဆွဲကာထွက်လာလိုက်သည်"နှုတ်ဆက်ချင်တဲ့သူရှိသေးလား ဘေဘီ"
ခပ်သာသာခေါင်းခါပြသည်မို့အရင်သာလက်ကိုဆွဲ၍ကားဆီလျှောက်သွားလိုက်တယ်
တစ်ခါတစ်ရံမော့ကြည့်ပေမယ့်ပြန်ကြည့်လိုက်တာနဲ့အကြည့်လွှဲသွားတဲ့မျက်ဝန်းလေးတွေ
လက်ဖဝါးအကြီးကြီးထဲမြုပ်နေတဲ့လက်သေးသေးလေး
မြင်နေရတဲ့ဆံပင်အုံ့အုံ့လေးတွေချစ်တယ်
ကျွန်တော်သူ့ကိုချစ်တယ်
ကလေးချစ်တတ်တယ်ဆိုတာထက်ကျွန်တော်သူ့ကိုပိုချစ်တယ်သူများကလေးတွေလို
ချစ်ဖို့ကောင်းတဲ့အမူအရာတွေမလုပ်ပြပေမယ့်လည်းချစ်တယ်
ချစ်ဖို့ကောင်းတဲ့အမူအရာဆိုလို့ဒီဘေဘီဟာကျွန်တော့်ကိုစကားတောင်
ဆယ်ခွန်းပြည့်အောင်မပြောသေးပါလေ
လက်ပေးလိုက်တုန်းကလိုက်ခဲ့ပြီးလမ်းတစ်လျှောက်လုံးဘာမှလည်းမမေးပဲလိုက်လာခဲ့တာဒီဂေဟာကလူတွေကတော့ပျော်နေမှာပေါ့
သူတို့စိတ်ထဲကံဆိုးတဲ့လူတစ်ယောက်ထွက်သွားတာကလွဲလို့ဘာမှထူးထူးခြားခြားခံစားမိမှာမှမဟုတ်တာကားထဲဝင်ထိုင်ပြီးသည့်အထိသူ့ကိုဘာစကားမှမပြော
"ဘေဘီ"
လှည့်ကြည့်ဖော်တော့ရသား
"အင်း
ဘေဘီကခုကစပြီးKim Kyung Sooဖြစ်သွားပြီနော်
Ommaနဲ့appaကိုလည်းမကြောက်နဲ့
*ကြောက်မှာလည်းမဟုတ်ပေမယ့်ပေါ့*
တစ်ခုခုလိုတာရှိလည်းကိုကို့ကိုပြော
အားမနာနဲ့ အင်း ပြီးတော့"သူ့ပုံစံကအလုပ်အတွက်interviewဖြေတဲ့အတိုင်း
ပျာယာခတ်နေပုံကိုတစ်ချက်ကြည့်ပြီးဘေဘီကခေါင်းငုံ့ကာနှုတ်ခမ်းတွန့်ရုံရယ်တယ်
ရယ်တယ် ဘေဘီရယ်တယ်"ဘေဘီ ခုနကရယ်လိုက်တာလားဟမ်"
ပုခုံးစွန်းနှစ်ဖက်ကိုကိုင်ကာမေးတော့သူမဟုတ်သလိုခေါင်းခါပြတယ်