မျက်လုံးများကျိန်းစပ်နေသဖြင့် ဖွင့်လိုက်သော်လဲ
ပတ်ဝန်းကျင်ကိုကောင်းကောင်းမမြင်ရသေး
ဒီမှာ သတိရလာပြီ ဆိုသောအသံနှင့် လမ်းလျှောက်သံများကိုကြားနေရသည်
ခေါင်းပင်မထူနိုင်လောက်အောင်ဖျားနေသည်ကိုသိရ
ပြီးနောက် တစ်ဆက်တည်းညကအစွန့်ပစ်ခံလိုက်
ရသည်ကိုတွေးမိသည်မျက်စိကိုခဏမှိတ်ထားကာ ဖြည်းဖြည်းချင်းဖွင့်ကြည့်
တော့မှ အမကြီး တစ်ယောက် အန်တီကြီးတစ်ယောက်
နှင့်အခန်းဝတွင်စပ်စုကာကြည့်နေသောကလေး
သုံးလေးယောက်ကိုတွေ့ရသည်
ယောက်ကိုတွေ့ရသည်"သား နာမည်ရော နာမည်ကဘာလဲ"
"Do Kyung Soo"
စကားပြောကြည့်မှလည်ချောင်းနာတာကပိုသိသာပြီး
အသံပါအက်နေသည်"အသက်ကရောဘယ်နှနှစ်လဲ မိဘတွေရော"
"5နှစ်"
"မိဘတွေရော သား ညကဘယ်အချိန်တည်းက
ရောက်နေတာလဲ"ခေါင်းခါပြလိုက်တော့ အသက်ကြီးကြီးအန်တီက
ထိုအမကြီးကိုဆက်မမေးတော့ရန်မျက်နှာရိပ်
မျက်နှာကဲပြသည်"ခဏ ပြန်မှေးလိုက်ဦးနော် သားလေး
နိုးလာရင်ဆန်ပြုတ်သောက်ပြီး ဆေးသောက်ရမယ်"ခေါင်းညိတ်ပြလိုက်ပြီးမျက်လုံးများကိုမှိတ်လိုက်တော့သည်
မိဘတွေအကြောင်းလဲမပြောချင်တော့ပါအိမ်ကိုပြန်ရမယ့်လမ်းလဲမမှတ်မိသလို
မှတ်မိရင်လဲ မလိုချင်သောမိဘများဆီသို့
မပြန်ချင်တော့ပါ......ပထမတော့ကျောင်းအုပ်ကြီးရော
ကျန်သည့်သူများပါ ကျွန်တော့်ကိုသာမာန်ကလေးများ
လိုပင်ဆက်ဆံသည်
3ယောက်တစ်ခန်းအိပ်ရသည်
စာလုပ်ချိန်လုပ်ပြီး ကျန်သည့်ကလေးများနှင့်တန်းတူ
အခွင့်အရေးရသည်သို့သော် ကျွန်တော်ရောက်လာပြီးနောက်ပိုင်းမှစ၍
သိသိသာသာအလှူရှင်များနည်းပါးလာသည်
ကျောင်း၏အခြေအနေသည်
ကျပ်တည်းလာသည်
ကျွန်တော့်အခန်းထဲမှကလေးနှစ်ယောက်နေမကောင်း
ဖြစ်သည်
တိုက်ဆိုင်သည်လား အမေနှင့်အဖေပြောသလို
ကျွန်တော်ကပဲ ဂြိုလ်ဆိုးနှင့်မွေးလာသည်ကြောင့်
လားမသိဘူး