*ကိုကို*10

7.1K 752 171
                                    

"​ဘေဘီ​ရေ"

နိုးနိုးချင်းမျက်​လုံး​တောင်​မပွင့်​​သေးပဲစမ်းစမ်းစမ်းစမ်းနဲ့​လျှောက်​သွားတာက​ဘေးအခန်းဆီ

တံခါးကိုဖွင့်​ကာ
အိပ်​ချင်​​နေတဲ့မျက်​လုံးကိုအတင်းဖြဲပြီးကြည့်​လိုက်​​တော့​မှောက်​ရက်​​နဲ့မျက်​နှာကို​ဘေး​စောင်းကာအိပ်​​ပျော်​​နေသည့်​​ဘေဘီ
ဘေးကစားပွဲတင်​နာရီ​လေးကိုကြည့်​လိုက်​​တော့7:30
အ​စောကြီးရှိ​သေးတယ်​ ဒီ​နေ့လည်း​ကျောင်းပိတ်​တယ်
ပြန်​အိပ်​ရမယ်

ဝုန်းကနဲ​ကုတင်​​ပေါ်တက်​လှဲကာ​ဘေဘီ့ကိုယ်​လုံး​လေးကိုရင်​ခွင်​ထဲထည့်လျက်​မျက်​လုံးများကိုပြန်​မှိတ်​လိုက်​သည်

ဘေဘီလည်းတအင်းအင်းတအဲအဲလုပ်​ကာကျွန်​​တော့်​ခါးကိုပြန်​ဖက်​လျက်​ငြိမ်​သွားသည်

ဒီလိုပါပဲ အကျင့်​ဖြစ်​​နေ​တော့လည်း
မနက်​ပိုင်းဆို
ကျွန်​​တော်​ကအိပ်​ချင်​မူးတူးနဲ့​ဘေဘီ့အခန်းထဲဝင်​လာပြီးဒီလိုပြန်​အိပ်​မယ်
တစ်​ခါတစ်​​​လေ​တော့ညကတည်းကအခန်းမပြန်​​တော့ပဲအိပ်​လိုက်​တာ​ပေါ့
အဲ့လိုညမျိုးကရှား အဲ​လေ ​ပေါပါတယ်

ကျွန်​​တော့်​အခန်းကအခုဆိုအပိုလိုလိုဘာလိုလို​တောင်​ဖြစ်​လို့
ကျောင်းတက်​ရတဲ့ရက်​​တွေဆိုရင်​​တော့ommaက
ဟင်းချက်​​နေရင်းတန်းလန်းနဲ့နှစ်​​ယောက်​လုံးကိုလာနှိုးပါလိမ့်​မယ်
ဒီလို​ကျောင်းပိတ်​ရက်​ဆိုရင်​​တော့ နား​အေးရင်​ပြီး​ရောဆိုပြီးလွှတ်​ထား​ရော...

"ကိုကို ဟာ ကိုကို ထပါ​တော့ဆို"

လက်​​မောင်းကိုလှုပ်​ပြီးနှိုး​နေသည့်​အသံ​ကြောင့်​ကျွန်​​တော်​နိုးလာရသည်

ကြည့်​လိုက်​​တော့ဆံပင်​စုတ်​ဖွားနဲ့​​ဘေဘီ​လေး
(ခု​တော့ပုံပြင်​ထဲကျန်​ခဲ့ပြီ​ပေါ့😢)

အင်္ကျီအပွကြီးဝတ်​ထားပြီးဆံပင်​စုတ်​ဖွားနှင့်​ ကျွန်​​တော့်​လက်​​မောင်းကိုကိုင်​ကာနှုတ်​ခမ်းစူ​နေသူကသိပ်​ကိုချစ်​ဖို့​ကောင်း​နေ​တော့ရယ်​လိုက်​မိသည်
နှုတ်​ခမ်းစူမှာ​ပေါ့ အရင်​​တွေသူ့ကိုပဲနှိုးရတာကိုး
သူကနှိုးရတယ်​မှမရှိတာ
ညကမှညဉ့်​နက်​တဲ့အထိgame​ဆော့ပြီးအိပ်​​ပျော်​သွားတာ​ကြောင့်​ကျွန်​​တော်​မထ​သေးလို့သူပြန်​နှိုး​နေရတာ

ကိုကိုOù les histoires vivent. Découvrez maintenant