My Lord

869 48 5
                                        

{Zawgyi}

ချွန်မြတဲ့ အသွားနဲ့ လှပသေသပ်အောင် ညင်သာစွာထုဆစ်
* Kris *
ရဲပလောင်းခတ် ရင်ဘတ်မှာ ထွင်းရတာ တစ်လောကလုံးကို ပိုင်ရသလို ကျေနပ်မှုမျိုး
နှလုံးသားထက်က သွေးစိမ်ရှင်ရှင် အချစ်တွေပါ သခင်

'အဟက်'
ခေါင်းမော့ပြီးရယ်လိုက်တယ်

သခင်အတွက် ဆိုပြီးရည်စူးစရာက ဝေဒနာတွေပဲရှိတာမို့ ဒဏ်ရာအနာတရ ဆိုတာကလည်း လက်သပ်မွေးရတယ် သခင်

အင်း ဒီနားဆွဲတွေ ဖြုတ်ရမယ် လက်သည်းဆိုးဆေးအနက်တွေဖျက်ရမယ်
သခင် သဘောကျ နှစ်သက်တဲ့အရာတွေဆို ကျွန်တော်နဲ့မထိုက်တန်တော့ဘူးရယ်
သခင့် ကိုမှ နှစ်သက်သွားတဲ့ ဒီနှလုံးသားကတောင် ကျွန်တော်နဲ့ မထိုက်တန်ဘူး သခင်

# # #

ဘယ်တော့မှ မှားယွင်းလေ့မရှိတဲ့ နှလုံးသားက ဆတ်ခနဲ
ခြေလှမ်းတွေ သွက်ရင်း အနက်ရောင်လက်သည်းခွံတွေကို ဖွက်ရင်း ဇက်ကို တတ်နိုင်သလောက် ကျိုးရင်း

'ရော့'

ကျွန်တော့်ရှေ့မှာ လာရပ်တဲ့ ဖိနပ်ဗလာနဲ့ ခြေတစ်စုံ

ခြေဖမိုး ဖြူဖြူဥဥ က အနားသတ်တွေမှာ ပန်းသွေးရောင်ရဲလို့
သတိလက်လွတ် ဒူးထောက်လိုက်မိတယ်

'Tao'

သခင့် နှုတ်ခမ်းပါက အံ့သြသံလေး ကြားလိုက်မိပါသော်လည်း
ကျွန်တော့် နှုတ်ခမ်းတွေက သခင့်ခြေဖမိုးပေါ်ဝယ်

'ဘုတ်' ခနဲ ပြုတ်ကျလာတဲ့ ကျွန်တော်ရှေ့က ဘူးအကြည်လေးထဲ
နားဆွဲလေးတစ်စုံက ပြန့်ကျဲ
ဦးတည်ရာမဲ ပြေးခဲ့မိပြန်တယ်

ကျွန်တော် နှုတ်ခမ်းတွေကို ကိုယ်တိုင် ပြန်စုပ်နမ်းချင်တယ်
လက်ဖဝါးက စေးပျစ်လာမှ ဖြန်ကြည့်မိတယ်
အသားတွေထဲ စိုက်ဝင်နေတဲ့ နားဆွဲလေးတစ်ဖက်
ကျွန်တော် ကောက်လာမိတယ်လား
သွေးစက်လေးတွေ သန့်စင်သွားဖို့ရာ ပါးစပ်ထဲ ငုံခဲထားလိုက်တယ်

@ @ @

ကျွန်တော့် မျက်နှာတစ်ခုလုံး ထူပူကာ ရပ်နေမိတုန်း
သူ အခု ဘာလုပ်သွား တာလဲ
ကျွန်တော် ခြေထောက်ကို ဟင့်အင်း ခြေဖမိုးကို
ကျွန်တော် ဘာလုပ်ခံ လိုက်ရတာလဲ

My Lord { Complete }Where stories live. Discover now