My Lord

472 44 4
                                    

{Zawgyi}

"" Lay ""

ပြတင်းတံခါးမှာ ရပ်နေတဲ့ ကျော်ပြင်ကျယ်ဟာ ရင်ခွင်မဟုတ်သည့်တိုင် နွေးထွေးမှုတို့ ပြည်နှက်နေသလို
ပြေးပွေ့ထွေးဖက်သည့်အခါ ထာဝရမှီတွယ်ရာတစ်ခု ဖြစ်ခဲ့သည့် အတိုင်း လုံခြုံပြည့်စုံမြဲ . . .

Lay  : 'ညီ ? . . '

Kris : '  . . .  '

အနောက်ဘက်မှ ခြေသံသဲ့သဲ့နဲ့အတူ ကျော်ပြင်ဝယ် နူးညံ့နွေးမြမှုနဲ့ ခါးကို သွယ်ယှက်ကာ သိုင်းဖက်လာသော ဖြူနှစ်သွယ်ရှည်သော လက်ချောင်းလှလှများ

ကျွန်တော့်ထက် ရှည်ချင်သော အရပ်နဲ့ သူက ပုခုံးပေါ်မျက်နှာအပ်ထားသည်မှ ပူနွေးကာ စိုစွတ်လာသည့်အခါ မှာတော့ ကျွန်တော် ထိတ်လန့်သွားသည်

Lay  : 'Fan လေး . . . ဘာဖြစ်တာလဲ . . . မငိုရဘူးလေ ညီ . . . ကိုကို့ ကိုပြော ဘာဖြစ်လို့လဲ . . .'

သူ့ဘက်လှည့်ကာ ရင်ခွင်ထဲ ဆွဲထည့်ရင်း ပြောတော့ ပိုတိုးဖက်ကာ ငိုလေသည့် * ညီ *

Lay စိတ်ပူလာရသည် ဒီကလေးဟာ စိတ်ထိခိုက်မခံနိုင်သူ
နှလုံးအားနည်းသည့်အခံကြောင့် ငယ်ငယ်တည်းက ချူချာလွန်း၍ အရိပ်ရိပ်တကြည့်ကြည့်ရယ်ပါ

Lay  : 'Fan လေး တော်ပြီလေ မငိုနဲ့တော့ . . . ညီ ဘာဖြစ်လဲ ကိုကို့ ကိုပြော'

Kris : 'Tao . . Tao ကလေ ညီ့ကို ထားခဲ့ပြီ ကိုကို အိမ်က ထွက်သွားပြီ Eeeee '

ကျွန်တော် အားလုံးသိပြီးသော်လည်း ညီ့ကို အငိုတတိတ်စေရန် ချော့ရမည်သာ

Lay  : 'ညီရယ် သူလည်းလွမ်းနေမှာပါ . . . ကိုကိုထင်တယ် သူမနေနိုင်လောက်အောင် လွမ်းတဲ့အခါ သူပြန်လာမှာ . . . မငိုနဲ့တော့ ညီရယ် . . . နော်  တိတ်တော့'

သူ့ကို ဖက်ကာ ချော့ရင်း အခန်းထဲခေါ်လာကာ အိပ်စေသည်
တအိအိရှိုက်နေဆဲမို့ Lay အိပ်ယာပေါ်အတူလှဲအိပ်ရင်း ညီ့ကို ရင်ခွင်ထဲထည့်ထား မိသည်

# # #

# # #

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Lord { Complete }Where stories live. Discover now