{Zawgyi}
Tao ကို ကျွန်တော်တို့ ငယ်ငယ်က ဓာတ်ပုံများပြရန် စာကြည့်ခန်းထဲ album ရှာနေရင်းမှ
အံဆွဲ ထဲမှ ဖိုင်တစ်ထပ်ကို ဘာရယ်မဟုတ် ကြည့်မိရာမှကျွန်တော် တစ်ကိုယ်လုံးက အင်အားတွေ စုပ်ယူခံလိုက်ရသလို လက်တွေဟာ တစ်ဆတ်ဆတ်တုန်ခါလျက်
ရောက်ယက်ခတ်နေသော မျက်ဝန်းအိမ်နှင့်အတူ
အတွေးတို့သည် ဂဏာမငြိမ်
စိတ်အစဉ်သည်လည်း အတိတ်များဆီသို့ ကစဥ့်ကလျားသွားနေသည်*Yi xing* *Yi Fan* ဟုသာ သိထားသော မျိုးရိုးနာမည် အပြည့်စုံမှာ * Zhang Yixing * * Wu Yifan *
ဖြစ်နေလေသောအခါပါးချိုင့်လေး နှင့် ကလေး ဓာတ်ပုံ တစ်ပုံကိုတွေ၍ ယူကြည့်ရာ အမွေစား အမွေခံသား အဖြစ် မွေးစားပါကြောင်း စာချုပ်များနှင့်
Papa . . Mama တို့၏ sign များအမွေလွှဲသည့် စာရွက်စာတမ်းများနှင့် စာရင်းအင်းများ
စာချုပ်များ*ကိုကို*
ရင်ထဲမှာ ထိတ်လန့်စွာ နှင့် ကိုကို ဒါတွေ သိထားပြီသားလား
မျက်ရည်များ အဆက်မပြတ်စီးကျ လာသည်
သနားစရာကောင်းလိုက်တဲ့ ကိုကိုရယ်နာကျင်စွာ ဒူးထောက်ချလိုက်မိချိန်တွင်
'ညီ'
'ကိုကို'
မျက်ရည်တွေနဲ့ ဝမ်းနည်းနာကျင်စွာ ခေါ်လိုက်မိချိန်
ကိုကိုမျက်နှာ ပျက်ယွင်းစွာ'ညီ ဒါ ဘာတွေ လုပ်နေတာလဲ. . ? ဘာလို့လျှောက်ကိုင်ရတာလဲ'
ကိုကို အော်ဟစ်ကာ စာရွက်တွေ ကောက်သိမ်းနေသည်
ပြီးတော့ ကျွန်တော်ဆီ စိုးရိမ်တကြီး လှမ်းလာသည်ကျွန်တော် မျက်ရည်တွေကျရင်း နာကျင်ခံစားရသည်မှာ
အသက်ရှူဖို့ပင် မတတ်နိုင်တော့'ကိုကို '
နှလုံးအိမ်မှ အောင့်မျက်လာသည်က မခံစားနိုင်စွာ'ညီလက်မခံနိုင်ဘူး ကိုကို'
အဆမတန် ပြင်းထန်လာသည့် နာကျင်မှုနှင့် oxygen ကို မရှိုက်နိုင်တော့သော်လည်း
နောက်ဆုံးလက်ကျန် အသိစိတ်ကို ထိန်းကာ ပြောချပြီးနောက်
