{Zawgyi}
သူ ရုတ်တရက် ထွက်လာတဲ့ အာမေဋိတ်သံလို စကားတစ်ခွန်း
*သခင် *
ဒါ ဘယ်လို နာမ်စား ပါလိမ့် ကျွန်တော်ဟာ သူ့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်သူမျက်ရည်တွေ အထိန်းအကွပ်မဲ့ စီးကျလာပြီး တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်နေသည်
ကျွန်တော်ရင်ထဲမှာ ပိုပြီး မွန်းကြပ်လာ ကာ စကားလုံးများက ထွက်ကျ မလာနိုင်
Tao : 'သခင်'
ကျွန်တော်မှာ ထိုအမည်နာမ မှ လွဲ၍ တခြား မည့်သည့်စကားမှ မဆိုနိုင်တော့
တကိုယ်လုံးရှိသမျှအားတွေ စုပ်ယူလိုက်သလိုခံစားရကာ ကျွန်တော် ဒူးထောက်လိုက်မိသည်Kris : 'Tao ah'
ရုတ်တရက် ဒူးပါထောက်ချလိုက်သည့် သူ့ကြောင့် ကျွန်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်
Tao : 'တောင်းပန်ပါတယ် သခင် တောင်းပန်ပါတယ်
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ 'Kris : 'ဘာကို တောင်းပန်နေတာလဲ? Taoက ဘာတောင်းပန်စရာရှိလို့လဲ'
Kris ပါ သူရှေ့ ဒူးထောက်ချလိုက်ရင်း မေးမိသည်
Tao : 'ကျွန်တော်လို ကောင်က သခင့် ကို ချစ်မိလို့ တောင်းပန်တာပါ . တောင်းပန်ပါတယ် သခင်'
Kris : 'Tao က ဘာဖြစ်နေလို့လဲ ဘာလို့ ကိုက သခင်လဲ ဘာတွေကိုတောင်းပန်နေတာလဲ Tao ah'
ရင်ဘတ်တစ်ခုလုံးပေါက်ကွဲ ထွက်တော့မလို ဆို့နင့် နာကျင်လာရသည်
Tao : 'သခင့်ကို ချစ်မိတာ အပြစ်ပဲပေါ့ သခင်ရယ်
ကျွန်တော်လို ကောင်က သခင့်ကို ရူးမတတ်ချစ်မိတာ အမှားပဲပေါ့ 'Kris : 'Tao ရယ် ဘာလို့ အလိုတွေ တွေးရတာလဲ'
Tao : 'သခင်လို ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော်လိုကောင်က ချစ်ဖို့ ထိုက်တန်လို့လား သခင် .
တစ်ကိုယ်လုံးဓားနဲ့ မွှန်းလိုက်ရင်တောင် အပြစ်မကြေဘူး သခင်'Kris : 'ဒါဆို ဒီဒဏ်ရာ တွေက ကိုယ့်ကြောင့်ပေါ့
အကုန်လုံးကို့ကြောင့်ပေါ့ ဟုတ်လား Tao ဖြေစမ်းပါဦး ဟမ်'
![](https://img.wattpad.com/cover/119279543-288-k790163.jpg)