My Lord

412 42 2
                                    

{Zawgyi}

သခင် အချစ်ဆိုတာ ချစ်နေရုံ သပ်သပ်ပါ
ရယူပိုင်ဆိုင်ခြင်း စွန့်လွှတ်ပေးဆပ်းခြင်းတွေ မပါဝင်ဘူး

ကျွန်တော် ဒဏ်ရာတွေနဲ့ နစ်မွန်းသည့်တိုင်
သခင် ကတောာ့ အချစ်နွံတွင်း မသက်ဆင်းစေရ

ကျွန်တော့်ဘဝရဲ့ မှောင်မိုက်ခြင်းတွေကြောင့်
သခင့် ဖြူစင်ခြင်းတွေ ညစ်နွမ်းခွင့် မပြုနိုင်

ချစ်တယ် သခင်
တစ်ဘဝလုံးစာနဲ့ ရင်းခဲ့တဲ့ အချစ်ရဆုံးသူ သခင်

# # #

အပြင်မှာ မိုးတွေ တဖွဲဖွဲဖြစ်နေပေမယ့် Kris ရင်ထဲမှာ မအေးချမ်းနိုင်ခဲ့

Tao မရှိခိုက် ကိုကို့ကို ဖိုင်တစ်ထပ်ချပြကာ ပြသနာ ရှာနေခြင်း

အရှေ့မှာ ထိုင်နေတဲ့ ကိုကိုက မလှုပ်မယှက်

Kris : 'ကိုကို . . . ညီ့ကို တစ်ခုခုပြန်ပြောဦးလေ'

Lay : 'ကိုကို့ မှာ ပြောစရာ မရှိဘူးညီ . . ဒါတွေက ညီအတွက်ချည်းပဲလေ ကိုကို အကုန်လက်ခံနိုင်တယ်'

Kris : 'ညီလက်မခံနိုင်ဘူး ကိုကို'

Lay : 'ညီခု ကိုကို့ကို ပြန်အော်နေတာလား'

Kris : 'ပြန်အော်တာ မဟုတ်ဘူး ကိုကို Papa တို့ လုပ်တာ ဟုတ်မှမဟုတ်တာ အလိုခွဲခြားတာကို ညီလုံးဝမကြိုက်ဘူး
ကိုကိုက မွေးစားသားဖြစ်ဖြစ် အရင်းဖြစ်ဖြစ် ကိုကိုက ကျွန်တော့်ကိုကိုပဲ Papa Mama တိုရဲ့သားပဲ'

Kris မျက်ရည်တွေကျလာသည်

Lay : 'မငိုပါနဲ့. . . Fanလေး ကိုကို ပြောပြမယ် ခုလည်း အတူတူပဲလေ ကိုကိုက ညီ့ကိုကို ပဲလေ Papa တို့သားပဲလေ
ခုလည်း company ကို ကိုယ်ဦးစီးနေတာပဲလေ '

Lay ချော့မော့ကာပြောနေသော်လည်း Kris စိတ်မပြေ

အပြင်မှာ မိုးတွေ ပိုသည်းလာသည်မှာ ရင်ထဲက ပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေနည်းတူ

Kris : 'ကိုကိုက အခုခိုင်းစားခံနေရတာလေ သိရဲ့လား
ကျွန်တော် အသက်မပြည့်ခင်တော့ အမွေတွေ ကို ထိန်းသိမ်းထား
အသက်ပြည့်ရင် ပိုင်ဆိုင်မှုတွေရဲ့ လေးပုံသုံးပုံလွှဲ
company ကိုလည်းလွှဲ ရာထူးကပါဆင်းပေး
အဒါတွေက ကိုကို့ကို ခိုင်းစားနေတာ လေ သိရဲ့လား'

My Lord { Complete }Where stories live. Discover now