My Lord

761 57 27
                                    

{Zawgyi}

သိပ်ကို ယစ်မူးရပါလားသခင်
ထို့အတူ နာကျင် မောဟိုက်ခြင်းကပါ နှလုံးအိမ်ကို ရိုက်ခတ်
ဘယ်ချိန်တည်းကလဲ သခင် ကျွန်တော် တိမ်းညွတ်အောင် ဘယ်ဘဝတည်းက ဆုတောင်းလာသလဲ

တဆတ်ဆတ် နာရအောင် နှလုံးသာကို ဘယ်တုန်းကများ အဆိပ်ခတ်ခဲ့တာလဲ သခင်

ဟင့်အင်း မဟုတ်ပြန်ဘူး ကျွန်တော်ကိုယ်တိုင် သောက်သုံးလိုက်တာပဲလေ
သခင်က တိုက်ကျွေးတယ် ဆိုဦးတော့ ကျွန်တော်ဆိုတဲ့ကောင်က စိတ်လိုလက်ရ မျိုချ ခဲ့တာရယ်

ငို ချ လိုက်ချင်သည်တိုင် မျက်ရည်တို့ စီးကျမလာခဲ့
အော်ဟစ်ပေါက်ကွဲချင်သော်လည်း နှုတ်ခမ်းတို့က အလုပ်မလုပ်နိုင်

သခင် က နောင်ဆုံးလို့ သတ်မှတ်ပေးလိုက်တဲ့ အနမ်းကို ဖန်ဆင်းပြီးနောက်ပိုင်း
ရေတောင် မသောက်ဖြစ်ခဲ့တော့

ဒီ နှုတ်ခမ်းကို ရေစက်တွေနဲ့တောင် ထိခွင့်မပေးနိုင်တော့
နောက်ဆုံးသော အတ္တပါ သခင်ရယ်

သခင် မပါဝင်တော့တဲ့ ကျွန်တော့် မနက်ဖြန်တွေမှာ ရှင်သန်ခြင်းကလည်း ပါဝင်တော့မှာ မဟုတ်ဘူး သခင်

သခင်က ကျွန်တော်စိတ်ကို သိသည့်အလား တဖွဖွမှာခဲ့တဲ့ 'ဘာမှထပ်မထိခိုက်စေနဲ့' ဆိုတဲ့ စကားကို ကျွန်တော် လွန်ဆန်တာ မဟုတ်ရပါဘူး

ဒီအခန်းထောင့်လေးက ထဖို့ ခြေထောက်တွေက အားမရှိတော့တာပါသခင် မထတာမဟုတ်ရပါဘူး
ကျွန်တော်အာရုံခံစားမှုတွေက ပျောက်ဆုံးကုန်ပြီထင်ပါရဲ့သခင်

Mama သားကို လာခေါ်ပါ Mama
Papa သားနာမည်ကို စာလုံးပေါင်းတတ်သေးရင် အဆင်ပြေလောက်မှာပါ
သခင် အစစအရာရာ အတွက် ကျေးဇူးပါနော်

# # #

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ပြည့်သိပ်နေပါသော်လည်း
ကိုကို့ နွေးထွေးမှုများကြား Kris အပြိုပြိုအလဲလဲ မဖြစ်ခဲ့

သို့သော် ရှင်သန်နေသ၍ နာကျင်ရမည့် ဒဏ်ရာလေးတစ်ခုကတော့ ဘယ်တော့ သွေးမတိတ်တော့မည့်အလား

*သခင်* ဟုခေါ်သံလေးကို ကြားယောင်မိတိုင်း နှလုံးသားက ဝေဒနာကို ခံစားစေမြဲ
panda မျက်ဝန်းလေး တွေဟာ အိပ်မက်တွေထဲမှာတောင် ငိုကြွေးစေမြဲ

My Lord { Complete }Where stories live. Discover now