My Lord

406 39 0
                                    

{Zawgyi}

လက်ထဲက ကော်ဖီခွက် နွေးနွေးကို ဆုပ်ကိုင်ထားရင် Tao ကို ငေးကြည့်နေမိတယ်

Tao : 'နောက်ဆို Ge မသိအောင် coffee ဖျော်မသောက်ရဘူးနော် သခင် ဒါနောက်ဆုံးပဲ ဖြစ်ပါစေ '

Kris : 'ကိုယ် ဖျော်မသောက်ပါဘူး Tao ဖျော်တိုက်တာလေ ဟားဟား '

Panda မျက်စောင်းလေး

Kris : 'ချစ်တယ် Tao ah . . . ကိုယ့်ကို ထားခဲ့ဖို့ တွေးနေပြီမလား'

Tao : 'ဟင်! . . . သခင်'

အထိတ်တလန့် ဖြစ်သွားပုံထောက်ရင် ဒါက တကယ်ပဲပေါ့လေ

Kris : 'Tao ah . . . မင်းပဲ ကိုယ်ကို ချစ်နိုင်လှပြီထင်နေလား . . . ဟင် . . ကိုယ်ကလည်း ချစ်ပါတယ် Tao . . .
မင်းစကားတွေ မင်းအပြူမူတွေက ဘယ်ကို ဦးတည်နေလဲ ကိုယ်သိတာပေါ့ '

Tao မျက်ရည်တွေ ဝေ့ဝဲလာရင်း

Tao : 'သခင် သိနေတယ်ဆိုတော့ လည်း ကျွန်တော်အတွက် သိပ်မခက်ခဲတော့ဘူးပေါ့ သခင်'

Kris : 'မသွားပါနဲ့လား Tao ah. . . ကိုယ့်ကို မထားခဲ့ပါနဲ့လား'

သခင်ရဲ့ တောင်းပန်သံစွက်နေတဲ့ စကားတွေ နဲ့ မျက်ရည်တွေဟာ Tao နှလုံးသားကို ဓားနဲ့ တစ်ချက်ချင်း မွှန်းနေသလိုပါ

Tao : 'သခင် . . . ကျွန်တော့် ဘဝက ညစ်နွမ်းတယ်
သခင် ကို ချစ်မိတဲ့ အပေါ်အပြစ်တစ်ခုလို ခံယူမိတာကလည်း အဒါကြောင့်ပဲ သခင်
ကျွန်တော့်ရဲ့ အရိပ်မဲအောက်ကို သခင့်ကို ဆွဲမသွင်းနိုင်ဘူး'

လောင်းကစားဝိုင်းနှင့် ကလပ်များတွင်သာပျော်ပါးနေတတ်သော Mama
Tao ကို သူ့သားပါလို့ မယုံကြည်ခဲ့တဲ့ Papa ဟာ Mama မဆုံးခင်ထဲက တာဝန်သိတတ်မှု တစ်ခု အနေနဲ့သာ ရပ်တည်ခဲ့တာ ဖြစ်တယ်
နွေးထွေးမိသားစု မဟုတ်ခဲ့သလို Tao အပေါ်လည်း သားအဖ ဆက်ဆံရေးမျိုး မဟုတ်ခဲ့

Mama ဆုံးတော့ Singapore ကို ထွက်သွားတဲ့ Papa ဟာ တစ်ခါမှ ပြန်မလာခဲ့
Tao အတွက် အပြည့်ဝတာဝန်ယူပေးသော်လည်း အထီးကျန်ခြင်းကိုတော့ လျစ်လျူရှုမြဲ

တစ်ကောင်ကြွက်ဘဝနဲ့ လူတကာ လက်ညှိုးထိုးခံရင်းနေလာခဲ့တာ Tao နေသားကျနေပြီးသား

My Lord { Complete }Where stories live. Discover now