My Lord

452 38 4
                                    

{Zawgyi}

ကျွန်တော်တို့ စိတ်ကျေနပ်သည်ထိ ငိုကြွေးပြီး
အချိန်အတော်ကြာတော့ နှစ်ယောက်လုံး စိတ်ငြိမ်သွားပြီး ဝရံတာထွက်ထိုင်နေဖြစ်သည်

အေးစိမ့်စိမ့်ညလေညင်းက တိုက်ခတ်နေ၍ Tao ကို စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးလိုက်သည်

'သခင်'
Tao က ကောင်းကင်ကို မော့ကြည့်နေရင်းမှ ခေါ်သည်

'ဟင် . . Tao ကိုယ့်ကို သခင်လို့မခေါ်ပါနဲ့လား'
ကျွန်တော် တကယ်ကို မကြိုက်ဘူး
ခံစားရတယ်

'ဘာဖြစ်လို့လဲ Tao ကအလိုပဲ ခေါ်ချင်တာ'

သူကိုယ့်သူ Tao လို့ ထည့်ပြောတာလေးက ချစ်စရာကောင်းသည်

'Tao ကလည်း ကိုယ်က သခင်မှ မဟုတ်တာ ခု ကိုယ်တို့က အရင်းနှီးဆုံးသူစိမ်းတွေပဲ ဟုတ်ပြီလား Kris လို့ပဲခေါ်'

Tao က ဘာကို သဘောကျသည် မသိ ပြုံးသည်

'ဟင့်အင်း . . . မသိဘူး  ခေါ်မှာပဲ'

နှုတ်ခမ်းကိုကော့ညွတ်အောင် ပြုံးရင် ခေါင်းခါကာပြောသည်
ချစ်စဖွယ် အတိဖြစ်သော်လည်း စကားသံက ရှတတ
ကျွန်တော့် နလုံးသားကို ထိရှစေသည်

'ဒါနဲ့ သခင်  Tao မကြောက်တော့ သလိုပဲ ဒီနေရာက အရမ်းကြီးခုန်နေမယ့်  နည်းနည်းမှ မနာဘူး'

'အရင်က အလိုခုန်နေရင် နာနေတယ်ပေါ့'

'inn'

'ဟုတ်လား  ဘာလို့လဲ'

'သခင့်ကြောင့်!  သခင်သိလား  သခင်ကို Tao မျက်လုံးက မမြင်ရလည်း အနားရှိနေရင် သိနေတယ်
သခင့် အနားမှာ ရှိတာနဲ့ နှလုံးက ဆောင့်ခုန်လာတယ် သိသာတယ်
အဒါဆို သခင် ကျွန်တော့် အနီးနား ပတ်ဝန်းကျင်မာ ရှိလို့ပဲ'

တိုးရှရှ အသံလေးက အေးစက်စက်နိုင်လာပြန်သည်

'ကိုယ်က အလောက်ထိအောင်ပဲလား Tao ရယ် '

ကိုယ်အနီးအနားမှာ ရှိတာနဲ့ကို ရင်ထဲက ခံစားလို့ရတယ်လား

'inn အဲ့ထက်ကို ပိုပါတယ် . တစ်ခါတစ်လေ သခင့်ကို အရမ်းလွမ်းတဲ့အခါ ဒီးနားက အရမ်းနာလာတယ်
ဒါမဲ့ မတန်မရာ လွမ်းနေတဲ့ ကိုယ့်ကိုယ်ကို မုန်းတီးလာတော့ အပြစ်ပေးတဲ့ အနေနဲ့ နာကျင်အောင် လုပ်ပစ်လိုက်တယ်'

My Lord { Complete }Where stories live. Discover now