My Lord

577 52 4
                                    

{Zawgyi}

'Tao ah'

ကျွန်တော် လှမ်းဆွဲလိုက်တဲ့ ချိန်မှာပဲ သူကခွေကျသွားလို့ ကျွန်တော်ခပ်မြန်မြန် လှမ်းပွေ့လိုက်ရတယ်
တစ်ကိုယ်လုံး ပူကျစ်နေမှန်း သိလိုက်ရတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိတော့
အိမ်ကိုသာ ခေါ်လာလိုက်တော့တယ်

ထိုနောက်မှာတော့

နေမကောင်းတာက သူဆိုပေမယ့် မွန်းကြပ် ပူလောက် အသက်ရှူပင် မဝတော့လောက်အောင် ခံစားနေရသည်က ကျွန်တော်သာ

# # #

'innn . . အ . . ကျွတ် ကျွတ်'

သူသည်းသည်းညူညူ နဲ့ လွန့်လူးလာတော့

'Tao ah'

ကျွန်တော် ဆံစလေးတွေ သပ်တင်ရင်း နဖူးကို စမ်းကြည့်တော့ ပူကျစ်မနေတော့ပေမယ့် အတော်နွေးနွေး ရှိနေသေးသည်

'Tao ah သက်သာရဲ့လား အရမ်းနာနေသေးလား'

'ဟင်'

ကျွန်တော့်အသံကြားမှ မျက်လုံးဖွင့်ကြည့်ပြီး အသည်းသန် ကုန်းရုန်းထနေရာ ကျွန်တော်က ထိန်းပေးထားရင်း

'ဘာဖြစ်လို့လဲ ကိုယ်ဘာမှမလုပ်ပါဘူး ငြိမ်ငြိမ်နေပါ
Tao အရမ်းနေမကောင်းဖြစ်နေတာ အားလည်းမရှိဘူးတဲ့'

ကျွန်တော့်ကို တစ်ချက်မော့ကြည့်ကာ ဆက်လက်ရုန်းကန်နေသည်

'Tao ah ငြိမ်ငြိမ်နေလို့ '

ကျွန်တော် ခပ်တင်းတင်း ဆွဲထိန်းလိုက်တော့ သူက ကျွန်တော့ရင်ခွင်ထဲရောက်လာသည်ကြောင့်လားမသိ ငြိမ်ကျ သွားသည်

ကျွန်တော် ကြည့်လိုက်တော့ သူမျက်ရည်များ ကျနေသလို နှုတ်ခမ်းများကလည်း တဆတ်ဆတ်တုန်နေသည်
နောက်တော့ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လာသည်

'Tao ah အရမ်းနာနေလား'

ကျွန်တော် ကျောကုန်းလေးကို ဖွဖွပွတ်ပေးရင် နှစ်သိမ့်ပေးနေမိသည်

# # #

ကျွန်တော် ကို နွေးထွေးစွာ ကြည့်နေသော သခင့်မျက်ဝန်းတွေ မြင်ရသည့်အခါ ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားသလို ခံစားလိုက်ရသည်

My Lord { Complete }Where stories live. Discover now