"ဟေး Lalice ဆော့မနေနဲ့တော့လေ Jen လေး ပြန်ချိန်ရောက်ပြီ"
"မေမေကလည်း Lalice ကမှဆော့လို့ မဝသေးတာကိုလို့"
"ရပါတယ် ဒေါ်ဒေါ်ရဲ့ သမီး ဒီလို နောက်ကျတာ တခါ နှစ်ခါမှ မဟုတ်တာ"
"တွေ့လား မမ Jen တောင် ဘာမှ မပြောဘူး"
"ဒါပေမဲ့ သမီးမိဘတွေ သမီးကို ရှာနေလောက်ရောပေါ့ကွယ်"
"ကိစ္စမရှိပါဘူး ဒေါ်ဒေါ်ရဲ့"
သူမ အချိန်တွေကို မေ့ကာ Lalice လေးနဲ့ အတူဆော့နေလိုက်သည် တကယ်လို့များ Lalice အမေ ပြန်ခိုင်းတဲ့ ချိန်မှာသာ သူပြန်လိုက်ရင် သူ့မိဘတွေရဲ့ ရန်ပွဲကြားမှာ သူမ စိတ်ဆင်းရဲရဦးမှာ သူတွေးနေတုန်း Lalice တယောက် အိပ်ပျော်သွားလေပြီ Lalice အမေကို သူပြန်တော့မဲ့အကြောင်း ပြောကာ ထွက်လာခဲ့လိုက်သည်
အိမ်ရှေ့ရောက်တော့ ကြားနေကျထုံးစံလို ဖြစ်နေသည့် အမေနဲ့ အဖေရဲ့ ရန်ဖြစ်သံကို မကြားရတာမို့ စိတ်ချလက်ချ ဝင်လာခဲ့ပေမဲ့ အထုပ်ပိုးတွေ အစီရီထုပ်ပိုးလို့ သူမကို စောင့်နေဟန် တူသည့် အမေ
"သမီး Jen အထုပ်ပိုးတွေ သိမ်းတော့ ဒီနေ့ မေမေတို့ နိုင်ငံခြား ပြောင်းရတော့မှာ"
ဒါပေမဲ့ သမီးတို့ ဒီမှာ အဆင်ပြေနေတာပဲလေ ဒီမှာ နေသားကျနေတော့မှ ဘာလို့ တခြားနေရာကို သွားနေဦးမှာလဲ ပြီးတော့ သမီးကျောင်းကိုရော ဘယ်လို ဆက်လုပ်ရမှာလဲ
ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ ဘာတခုမှ ပြောမထွက်ခဲ့ဘဲ စိတ်ထောင်းကိုယ်ကြေဖြစ်နေရှာတဲ့ အမေ့ကို ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့
" ... "
" တကယ်တော့ အမေဆုံးဖြတ်ထားတာ ကြာပြီ သမီး ကျောင်းအတွက်လည်း ဘာမှ စိတ်မပူနဲ့ အမေ အားလုံး စီစဉ်ပြီးပြီ သမီးလိုက်ခဲ့ဖို့ပဲ ကျန်တော့တာ"
"သမီး ဆန္ဒကိုတောင် မမေးတော့ဘူးလား အမေရယ်"
"သမီးက သမီးမိဘတွေ ရန်ဖြစ်တာကို ထပ်မြင်ချင်သေးလို့လား သမီးအဖေနဲ့ အမေ့အတွက် အကောင်းဆုံးလမ်းကို အမေရွေးချယ်လိုက်တာ "
ဘာကြောင့်လဲလို့ သူမ မေးဖို့ ပြင်ဆဲမှာပဲ
"ခုနေတော့ ဘာမှ မမေးနဲ့ သမီး သမီး အရွယ်ရောက်လာရင် သမီး သိချင်နေတဲ့ ကိစ္စတွေအားလုံးကို အမေပြောပြမယ် ခုတော့ သမီး အမေနောက် လိုက်မှာလား မလိုက်ဘူးလား ဆိုတာပဲ ဆုံးဖြတ်ပါ သမီးဆုံးဖြတ်ချက်ကို အမေ လေးစားမှာပါ "
သူမရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှာပါလို့ ပြောပေမဲ့ ဟိုးငယ်ငယ်လေးတည်းကနေ အမေ့ဆုံးဖြတ်ချက်ကို ကိုးကွယ်ရာတခုလို ထားခဲ့တဲ့ သူမ အမေ့ဆုံးဖြတ်ချက်ကို ဒီအရွယ်ကျမှ ငြင်းဆန်နိုင်မယ်တဲ့လား
" အမေ့ဆုံးဖြတ်ချက်က ဘာပဲ ဖြစ်နေပါစေ သမီးလိုက်နာမှာပါ သမီးလိုက်ခဲ့ပါ့မယ် "
•
"မေမေ မမ Jen ဒီနေ့ Lalice တို့အိမ်ကို မလာဘူးလားဟင်"
ကျောင်းက ပြန်ရောက်လာလာချင်း Lalice ရဲ့ မေးခွန်းကြောင့် သူမ ဘာပြန်ဖြေရမှန်းမသိ
Lalice ရဲ့ မျက်ဝန်းက မျှော်လင့်ချက်တွေ အပြည့်နဲ့ သူ့ကို ကြည့်နေပြန်တော့ Jen တို့ မိသားစု ဒီမှာ မနေကြတော့ဘူးဆိုတာကို ပြောဖို့ မပြောဖို့ တွန့်ဆုတ်သွားမိပြန်သည်
ထိုစဉ် Anna ရောက်လာကာ
"Jen တို့ မိသားစု နိုင်ငံခြားပြောင်းသွားကြပြီဟဲ့ နင့် မမ Jen နင့်ဆီကို လာတော့မှာမဟုတ်ဘူး "
"သမီးကလည်း ညီမလေးကို ဒီလိုမပြောရဘူးလေ"
Anna ကို ဆူအပြီး Lalice ကိုကြည့်လိုက်တော့ သူ့မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့
သူမ နှစ်သိမ့်စကားတခုခုပြောဖို့ အပြင် Lalice တယောက် သူ့အခန်းထဲ ဝင်သွားလေသည်
•
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "