🎵Is that true ? Yeah Okay Dokey yo🎵
Mino အိပ်ဖို့ ပြင်တုန်း ရုတ်တရက် ထွက်လာတဲ့ သီချင်းသံကြောင့် မျက်လုံးပွင့်သွားသည် သူ့ Ph Ringtone သံက Song Minho ရဲ့ Body ဆိုတော့ ဒီအသံက ခင်ဂျင်းနု ဖုန်းကပဲ ဖြစ်မယ် အခန်းထဲ ခေါင်းဝေ့ကြည့်လိုက်တော့ သကောင့်သားက ရှိမနေ သူ့အနီးနားမှာပဲ ခင်ဂျင်းနုဖုန်းက ရှိနေသည်မို့ ဆွဲယူကြည့်လိုက်တော့ Caller က Jinu အမေ ဖြစ်နေသည် အစတုန်းကတော့ ဖုန်းကိုင်လိုက်ဖို့ စဉ်းစားထားပေမဲ့ Jinu အမေကိုတော့ ဘာတွေဘယ်လို ပြောရမှန်းမသိတာကြောင့် Ringtone သံကိုပဲ လှဲနေရင်းနားထောင်နေလိုက်သည် Ringtone သံရပ်သွားတော့ သူ့မျက်ခွံတွေက လေးသထက်လေးလာပြီမို့ ဆက်မတင်းနိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်
Mino အိပ်ပျော်သွားချင်းချင်းမှာပဲ Jinu အခန်းထဲကို ဖုန်းယူဖို့ ပြန်ရောက်လာသည် အခန်းထဲကို ကြည့်လိုက်တော့ Mino အိပ်ပျော်နေသည်ကို မြင်လိုက်ရသည် BFF ကောင်းပီသစွာနဲ့ Mino ကို မနှောင့်ယှက်မိအောင် ဖုန်းယူပြီးတာနဲ့ အပြင်ထွက်နေဖို့ ဆုံးဖြတ်လိုက်သည် Jinu ဖုန်းဖွင့်လိုက်တာနဲ့ Message တစောင်ရောက်နေသည်ကို မြင်လိုက်ရသည်
အဲ့ Message မှာ ရေးထားတာက
"ဒီနေ့ညမှာ Swimming Pool ကို သွားဖြစ်အောင်သွားပါ မထိန်းချုပ်နိုင်ရင်တောင် လွတ်မထားပါနဲ့ "
Unknown အနေနဲ့ ရောက်လာတာဆိုပေမဲ့ သူ့အနေနဲ့ကတော့ ဘယ်သူလဲဆိုတာ တွေးမိတာ သက်ပြင်းတချက်ချသည်
" ဟူး ငါ့မှာ တာဝန် ပိုလာပြန်ပြီပေါ့ "
•
Lisa ကို ထားခဲ့ပြီး Jen တယောက်တည်း Swimming Pool ကို လျှောက်လာရင်းနဲ့ ရောက်ခါနီးမှာ မထင်မှတ်ထားတဲ့ သူတယောက်ကို တွေ့လိုက်ရသည်
Park Chaeyoung
မနက်တုန်းက တွေ့လိုက်ရတဲ့ Park Chaeyoung က Ponytail နဲ့ မျက်မှန်လေးနဲ့ အမြဲတမ်း ပြုံးနေတတ်တဲ့ သူတယောက်
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "