At Break Time
"Jinu နင် ဟို နှစ်ကောင် Canteen သွားဖို့လာခေါ်ရင် လိုက်မသွားနဲ့ "
"Yay Jinu is Back and Jennie is no more angry at me ကျေးဇူးပါပဲဟ နင် ငါ့ ကို တသက်လုံး စိတ်ဆိုးသွားတော့မယ်ထင်နေတာ "
"နင့်ကို ဘာပြုလို့ စိတ်ဆိုးရမှာလဲ ငါ့အဖေ နောက်အိမ်ထောင်ပြုသွားတုန်းက နင့်အမေနဲ့ မို့လို့ ငါ စိတ်ညစ်နေတာတွေ နင့်အပေါ် ပုံချခဲ့မိတာ အခုတော့ အဲလိုလုပ်ရုံနဲ့ အရာအားလုံးကို ပြန်ပြင်လို့မရမှန်း ငါသိသွားပြီ အဲ့တုန်းက နင့်အပေါ် လုပ်ခဲ့မိတာတွေအတွက် နင့်ကိုလည်း တောင်းပန်ပါတယ်ဟာ "
"ဟုတ်ပါပြီ ဒါနဲ့ ဟို နှစ်ကောင်လာခေါ်ရင် ငါ လိုက်မသွားရဘူးဆိုတော့ နင် Mino နဲ့ ကိစ္စကို မမေ့နိုင်သေးလို့လား ? "
" အဲ့ကိစ္စက ငါမေ့သွားတာဖြင့် ကြာလှပြီ မမေ့နိုင်ရအောင် ငါက သူ့ကို ချစ်ခဲ့တာလည်း မဟုတ်ဘူးလေ ဒီတိုင်း အလောင်းအစားတခုကြောင့် သူနဲ့ တွဲဖြစ်ခဲ့ရုံပဲ "
"ဘာအလောင်းအစားလဲ ငါတောင် မသိလိုက်ရပါလား"
"နင်က ဘယ်သိမှာလဲ ငါတို့ မိန်းကလေးတွေချည်းသက်သက်လုပ်ခဲ့ကြတဲ့ အလောင်းစားပဲလေ Mino နဲ့တွဲခဲ့ရတာကလည်း အဲ့တုန်းက ငါရှုံးသွားတော့ ပြစ်ဒဏ်အနေနဲ့ လုပ်ခဲ့ရတာ"
"နင့်ပြစ်ဒဏ်ကလည်း အဆန်း"
"ငါက ရှုံးတဲ့သူဆိုတော့ သူတို့ ဘာအပြစ်ပေးပေး ငါခံရမှာပဲ Mino မဟုတ်ဘဲ နင်နဲ့ တွဲရမယ်ဆိုလည်း တွဲရမှာပဲလေ "
"တော်စမ်းပါ ဒါဆိုရင် နင် သူ့အပေါ်မှာ ခံစားချက် တစွန်းတစလေးတောင် မရှိခဲ့ဘူးပေါ့ "
Jinu အမေးကို ခေါင်းပဲခါပြလိုက်သည် ပြန်ဖြေမနေတော့
သူက လက်လန်သည့် ဆိုသည့် ပုံစံနဲ့ လက်ပါခြေပါ ခါပြကာ
"နင်က တော်တော်လေးကို အသည်းမာတာပဲ Jendeukie "
Jennie ပခုံးတွန့်ပြကာ တဖက်သို့ လှည့်သွားပြီးမှ တခုခုကို သတိရသွားသလိုဖြင့် Jinu ဖက်ကို ပြန်လှည့်ကြည့်သည်
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "