Jen အခန်းထဲရောက်သွားတော့ အခန်းထဲမှာ သူမတယောက်တည်း ။
ငါများ နောက်ကျသွားပြီလား
ပြတင်းပေါက်ဘေးက သူ့ခုံဆီ သွားကြည့်လိုက်တော့ Desk ပေါ်မှာ နှင်းဆီနီတစည်းနဲ့ နှင်းဆီနက်တပွင့်
" Shit !!! "
စိတ်တိုပေမဲ့ ဘာမှ လုပ်မရတဲ့ အတူတူ နှင်းဆီနီတွေကို ရေကြည့်လိုက်တော့ ၂၂ ပွင့် တိတိ
ငါ့အသက်ကို ပြောချင်တာများလား ဒါပေမဲ့ ငါ ၂၂ နှစ်ပြည့်ပြီးပြီဆိုတာ သူတို့ ဘယ်လိုသိသွားကြတာပါလိမ့် ???
စိတ်တိုနေတာတွေအစား အံ့သြစိတ်တွေက နေရာယူလာကာ နှင်းဆီနီစည်းမှာ ထည့်ထားတဲ့ ကတ်ကို ဖွင့်ကြည့်လိုက်တော့ ပိုအံ့သြရပြန်သည်
" Hello Babe ၂၂နှစ်ပြည့်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်နော် မင်းရဲ့အရာအားလုံးကို ဖုံးကွယ်ထားတဲ့ကြားက သိသွားတဲ့အတွက် မင်းအံ့သြနေလောက်ပြီထင်တယ် ကိုယ့်ကို သိချင်ရင် ရှာပါ Babe ကိုယ်က ပုန်းရှောင်နေမှာမဟုတ်တဲ့အတွက်
Babe ရဲ့ ကိုယ်"
ခေါင်းရှုပ်မခံတော့ဘဲ နှင်းဆီနက်ကို ကြည့်မိတော့ သူ့အဓိပ္ပာယ်ကို ပန်းအဓိပ္ပာယ်တွေကို ဖတ်ကြည့်မိထားသည့် သူ့မခေါင်းက အလိုလိုမှတ်မိသွားသည် ။သေခြင်း ။ နှင်းဆီနက်ပေါ်မှာလည်း ကတ်တခုက ရှိနေသေးကာ သူကတော့ ရိုးရိုးရှင်းရှင်းသာ ရေးထားသည်
" Don't forget us and Just Accept it "
[ " ငါတို့ကို မမေ့ဘဲနဲ့ ဒီတိုင်းလက်ခံလိုက်ပါ " ]
Jen ခေါင်းရှုပ်နေတုန်း Class ထဲ ဝင်လာသူက အမောင် Jinwoo
" Ya နင် ဒီအကြောင်းတွေ သိနေပြီးသားလား ? "
Desk ပေါ်က နှင်းဆီတွေကို တချက်ကြည့်လိုက်ပြီး ခေါင်းခါသည်
" ဒါပေမဲ့ ငါသိတာတခုတော့ ရှိတယ် ဒီမှာ ... "
ပြောပြီးတာနဲ့ သူ့အင်္ကျီအိတ်ထဲက စာတစောင်ထုတ်ပြီး ပေးသည်
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "