Class ပြီးသွားတော့ Jen ကျောင်းနားက စာအုပ်ဆိုင်ကို ထွက်လာခဲ့သည် အမည်မသိလူတယောက်ဆီက စာလက်ခံရထားပေမဲ့ ဘာကိုမှ မကြောက်တဲ့ ပုံစံနဲ့ New Zealand မှာ နေနေတုန်းက စာဂျပိုးလေး Jisoo ဖတ်ချင်သည်ဟု ပြောခဲ့ဖူးတဲ့ စာအုပ်ရှာရန် ထွက်လာခြင်းဖြစ်သည် အဲ့စာအုပ်ကို Jisoo အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးချင်တာ ကြာခဲ့ပြီ ဒါပေမဲ့ Jisoo မွေးနေ့သာ ကျော်သွားသည် သူမနေတဲ့ Auckland တခွင် ပြဲပြဲစင်အောင် ရှာသော်လည်း မတွေ့ခဲ့ အဲ့စာအုပ်က Hangul စာအုပ်မို့လို့လည်း ဖြစ်နိုင်သည်
ဒီတော့ခါ Korea ရောက်တုန်းရောက်ခိုက် ရှာပုံတော် ဖွင့်ရတာပေါ့ ဒါပေမဲ့ သူမကံဆိုးလွန်းနေတာလားမသိ စာအုပ်ဆိုင်တွေသာ နှံ့သွားသည် လုံးဝရှာမတွေ့
အရေးထဲ တနေ့လုံး အပြင်မှာပဲ ရှိနေတဲ့အပြင် မနေ့က အမူးရှိန်လည်း မပြယ်သေးတာကြောင့် Jen ခေါင်းမူးလာကာ ငိုင်တိုင်တိုင်ဖြစ်လာသည် စာအုပ်ရှာဖို့ လက်လျှော့ကာ အဆောင်ဆီ ပြန်လျှောက်လာတုန်း လမ်းဖြတ်ကူးဖို့ ပြင်တော့ သူမခေါင်းထဲ ရိပ်ခနဲ့ ဖြစ်သွားကာ မျက်လုံးတွေပါ ပြာကုန်သည်
သူမ ပြန်သတိဝင်လာတော့ သူလမ်းလယ်ခေါင်မှာဖြစ်နေကာ သူမဆီကို ကားတစီးအရှိန်နဲ့ ပြေးဝင်လာတာ မြင်ပေမဲ့ ခြေထောက်တွေက လှုပ်မရဘဲ ကျောက်ရုပ်လို ဖြစ်နေသည် သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားပြီး မျက်လုံးကို စုံမှိတ်ကာ ရပ်နေမိတော့သည်
ရုတ်တရက် သူ့မတကိုယ်လုံး လေပေါ်မြှောက်တက်သွားတော့ ဒီလောက်ဆို ငါသေပြီပဲလို့ တွေးလိုက်မိပေမဲ့ သူ့စိတ်ထဲမှာ ရင်ခွင်ထဲရောက်သွားသလို ခံစားချက်ရလာသည် အဲ့ဒီချိန်မှာပဲ သူ့နှာခေါင်းထဲကို ရင်းနှီးနေတဲ့ အနံ့တခုက ဝင်ရောက်လာသည်
မျက်စိဖွင့်ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ နဂိုကတည်းက လန့်စရာကိစ္စတခုကြုံရင် ရိပ်ခနဲ့ ရိပ်ခနဲ့ ခေါင်းမူးသွားတတ်တဲ့သူမို့ အနက်ရောင်Leather အင်္ကျီလက်ရှည်ဝတ်ထားတဲ့ လက်တွေကလွဲလို့ ဘာမှ မမြင် တယောက်ယောက်က သူ့ကို ပွေ့ချီထားသလို ခံစားနေရပေမဲ့ မျက်လုံးဖွင့်ကြည့်ဖို့ ကြိုးစားလိုက်တော့ ပင်ပန်းသွားတာသာ အဖတ်တင်သည် မျက်လုံးဖွင့်ကြည့်တာ မအောင်မြင်
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "