Part 2

2.3K 143 0
                                    

8 years later

ဒီ​နေရာကို ပို့လိုက်​ရ​အောင်​အထိ ငါကသူတို့အတွက်​ ဝန်​ထုပ်​ဝန်​ပိုးတခုဖြစ်​​ခဲ့နေတာလား ငါချစ်​ရတဲ့သူ​တွေ သူငယ်​ချင်း​တွေအကုန်​လုံးကိုချန်​ထားခဲ့ရတယ်​ ဒီလိုလုပ်ရ​လောက်​တဲ့အထိ ထိုက်​တန်​လို့လား ဒီ​လောက်​ အ​ဝေးကြီးကို ပို့ပစ်​ရ​အောင်​အထိ ငါ့ကို မုန်း​နေကြတာလား

သူ့စိတ်​ထဲ အ​တွေး​တွေ တခုပြီးတခု ဝင်​လာ​နေတယ်

တကယ်​ဆို သူဟာ အ​ကောင်းမြင်​သမား​ပေမဲ့ ​ဖြေ​တွေးတတ်​​ပေမဲ့ ဒီတခါ​တော့ ဘယ်​လိုမှ ​ဖြေမ​တွေး​ပေးနိုင်​​တော့တဲ့အထိ

"Shit"

တချက်​​​ရေရွတ်​ပြီး သူ​ကျောင်းထဲ ဝင်​ခါနီး မျက်​မှန်​နက်​ကြီးတပ်​ထားတဲ့ မိန်းက​လေးတ​ယောက်​က သူကို လှမ်းခေါ်သည်

"ဒီမှာ ညီမ"

"Jeez ခင်​ဗျားက ဘာလားဗျာ "

အသံထွက်​​ပြောလိုက်​တာက ဒီ​လောက်​ပဲ​ပေမဲ့ စိတ်​ထဲမှာ​တော့ ​မေတ္တာ​တွေ အသားကုန်​ပို့​နေမိသည်

စိတ်​တို​နေတဲ့အချိန်​ဆို ဘယ်​သူနဲ့မှ စကားမ​ပြောချင်​ပါဘူးဆိုမှကွာ

ဒါ​ပေမဲ့ ဟိုတ​ယောက်​သည်​လည်း သူ​ပြောတာကို ကြား​တောင်​မကြားသည့်​အလား ဂရုစိုက်​ပုံ​တောင်​မပြဘဲ စာရွက်​ပေါ်က ​​နေရာတခုကို ​ထောက်​ပြကာ

"ကို​ယ့်​ကို တခုပဲ ကူညီပါ ဒီနား​ကို ဘယ်​လိုသွားရလဲဟင်​"

"ကျွန်​​တော်​လည်း မသိဘူး ခုမှ ဒီကို ​ရောက်​ဖူးတာဗျ"

"ဒါဆို တူတူ သွားကြမယ်​​လေ အခုလို ဆုံလာပြီဆို​တော့လည်း ​ရေစက်​လို့​ဆိုရ​မှာ​ပေါ့"

"Shit"

အ​ရေးထဲကွာ ကူညီ​ပေးရဦးမယ်​တဲ့လား !!!!

"ဟုတ်​ပြီ တူတူသွားမယ်​ဆိုလည်း သွားကြတာ​ပေါ့ တခု​တော့​ပြောမယ်​ သွားတဲ့တ​လျှောက်​မှာ ကျွန်​​တော့်​ကို ဘာတခုမှတော့ လာ​မပြောပါနဲ့ !!!"

ဒီတခါ​တော့ သူ​ပြောတာကို ကြားသွားပုံ​ပေါက်​သည်​ တူတူ​လျှောက်​​နေတာ ၁၀ မိနစ်​နီးပါးရှိသွား​ပေမဲ့ ဘာတခုမှ မ​ပြော Lisa လည်း ပထမဆုံး​ရောက်​ဖူးတာမို့ ​ခေါင်းကုတ်​လိုက်​ ​ချွေးသုတ်​လိုက်​နဲ့ ​၁၅မိနစ်​​လောက်​ကြာတော့မှ ​တော်​​တော်​​လေး ရှာ​လိုက်​ရတဲ့ ​ကျောင်းအုပ်​ရုံးခန်းကို ​ရောက်​​တော့သည်

"ခင်​ဗျားက ​ကျောင်းအုပ်​ရုံးခန်းရှာ​နေတာမလား ​ရောက်​ပြီ ဒီမှာ "

" မင်း​ရော ဒီ​ကျောင်းကပဲ မလား ? အတူတူသွားလို့ရတာ​လေ "

"ကျွန်​​တော့်​ကိစ္စပါဗျာ ခင်​ဗျားအပူ မပါပါဘူး"

ပြောရင်းနဲ့ သူလှည့်​ထွက်​လာခဲ့သည်​ သူ့ပစ္စည်း​တွေအကုန်​လုံးကို Chaeng ယူသွားနှင့်​ပြီမို့ တကိုယ်​တည်း
ဦးတည်​ရာမဲ့ လမ်းလျှောက်​​နေရင်းနဲ့ အချိန်​ကြည့်​လိုက်​​တော့ ၅နာရီနီးပါးဖြစ်​​နေပြီ

သူအိမ်​မှာ ရှိ​နေတုန်းဆို ဘာကိစ္စ​တွေ ရှိ​နေပါ​စေ ၅ နာရီ​နောက်​ဆုံးထားပြီး အိမ်​ပြန်​​နေကျဆို​တော့ ၉နှစ်​နီးပါးအသားကျ​လာတဲ့ သူ့အကျင့်​က သူ့​ခြေလှမ်း​တွေကို ​ကျောင်းဆီသို့ ဆွဲခေါ်သွား​လေသည်

သူ့တ​ယောက်​ကိုသာ .........Where stories live. Discover now