🎵ဘယ်မှာလဲ အိမ်မှာလား
အလုပ်မများရင် ထွက်လာခဲ့ပါ 🎵" Hello "
" Seungyoon လား ငါပါ Seunghoon မင်း xiii Bar ကို ခဏလောက်လာပေးနိုင်မလား "
" အာ Hyung ကျွန်တော်က အရက်မသောက်တတ်ဘူးလေဗျာ Hyung လည်း သိရဲ့သားနဲ့ "
" ဒါကြောင့်မို့ ခေါ်တာပါကွာ ငါမှောက်သွားရင် မင်းထိန်းပေးလို့ ရအောင် ကျေးဇူးပြု လာခဲ့ပါကွာ ငါ့ခံစားချက်တွေကို တယောက်ယောက်ကိုမှ ဖွင့်မပြောရရင် ငါရူးရတော့မယ်ထင်လို့ "
" ဟုတ်ပြီလေ Hyung ကျွန်တော်လာခဲ့မယ် "
•
နှင်းဆီနက်စံအိမ်လို့ ကမ္ပည်းထွင်းထားသည့် စံအိမ်တခု ... အဲ့စံအိမ်ထဲကို ကားတစီးဝင်လာကာ ကောင်မလေးတယောက် ကားပေါ်က ဆင်းလာသည် ... နှင်းဆီနက်စံအိမ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် စံအိမ်ထဲမှာ နှင်းဆီနဲ့ ပတ်သက်တာတွေ အပြည့် ... သူ တခန်းပြီးတခန်း တဖြည်းဖြည်း ဖြတ်ကျော်လာပြီးတဲ့နောက် နှင်းဆီနက်ပုံ ရိုက်ထွင်းထားသည့် အခန်းရှေ့ရောက်တော့ ရပ်လိုက်ကာ အခန်းထဲ ဝင်သည် ... အနီရင့်ရောင်တွေ လွှမ်းခြုံနေတဲ့ အခန်းထဲမှာတော့ နှင်းဆီနက်ပန်းချီကားတချပ်ရှိနေပြီး ပန်းချီကားရှေ့မှာတော့ မိန်းကလေးတယောက်ရပ်နေသည် ... ဝင်လာတဲ့သူက ထိုမိန်းကလေးကို ဦးညွှတ်လိုက်ပြီး
" ကျွန်တော်ရောက်ပါပြီ မမလေး "
" နှင်းဆီနက်ပို့တာ ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား "
မမလေး ဆိုသူက မေးလာတော့မှ ဝင်လာတဲ့သူက ခါးပြန်မတ်သည် ... ဒါပေမဲ့ မျက်လွှာချထားဆဲ
" အဆင်ပြေခဲ့ပါတယ် သူတွေ့သွားတာ သေချာတဲ့အထိ ကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ် "
" အင်း ကောင်းပြီ နှင်းဆီနက်တယောက်ဟာ သေတဲ့အထိ နှင်းဆီနက်ပဲ ဖြစ်နေရမယ်ဆိုတာ သူသိစေရမယ် "
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "